၂၀ နိုဝင်ဘာ၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှတစ်ဆင့်တရုတ်နိုင်ငံဘက်ကို သွားလို့ရတဲ့ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်TBPလက်မှတ်၊ တုံကင်လာရောက်ယူသူ နိုဝင်ဘာလ၂၀ရက်နေ့တရက်တည်းလူ(၃)ထောင်ကျော်ရှိနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ၂၇ရက်နေ့အထိ ကြိုတင်တုံကင်ယူထားကြပြီး၊တရုတ်ပြည်ဘက်ကိုTBPနဲ့ခန့်မှန်းလူဦးရေ(၆၀၀)လောက်သာ ဝင်ထွက်ခွင့်ပြုထားတယ်လို့ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်)က အသိပေးထားပါတယ်။



“လူဦးရေ(၆၀၀)ဦးခန့် ဝင်ခွင့်ပြုနိုင်သည့်နေရာမှာ လူဦးရေ(၇၀၀)ခွင့်ပြုလိုက်လည်း ဂိတ်ပိတ်ချိန်ည(၈)နာရီဆို တစ်ဘက်က ပိတ်မှာဖြစ်ပြီး ကျန်နေသူတွေကအချိန်ကုန်လူပန်းဖြစ်သွားမယ် သူ့ရက်နဲ့သူ ပြုလုပ်ထားတဲ့TBP ဝင်ထွက်ခွင့်ကဒ်ကလည်း နောက်ရက် ဝင်လို့မရပါဘူး”လို့ကူညီပေးသူတဦးကပြောပါတယ်။
တုံကင်ပေးခြင်းလုပ်ငန်းဟာ လုပ်ငန်းလိုအပ်ချက်ကြောင့်ပေါ်ပေါက်လာတာဖြစ်လို့ တာဝန်ရှိသူများရဲ့ ပုံမှန်လုပ်ငန်းအပြင် ဆောင်ရွက်ရတဲ့ အပိုလုပ်ငန်းတစ်ခုဖြစ်ပြီး ပုံမှန်လမ်းကြောင်းပွင့်နေသည့်အချိန်ဆို မနက်(၅:၃၀) မှနေ့လယ်(၃)နာရီခန့်အထိ လူဦးရေ(၁၀၀)လောက်နဲ့ ဝန်ဆောင်မှုပေးရတာဖြစ်ပါတယ်

ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်)အသင်းသားတွေလည်းတုံကင်ပေးမယ့်ရက်မှာ မနက်(၅)နာရီကစပြီးအသင်းသား၃၀ဦးနဲ့အထက် သွားရောက်ကူညီနေ့ကြတယ်လို့ သိရပါတယ်။
တုံကင်လာရောက်ယူဆောင်မည့်သူတွေအနေနဲ့ နိုင်ငံသားကဒ်ကိုင်ဆောင်ပြီး လူကိုယ်တိုင်လာရောက်ရမှာဖြစ်ပြီး၊ အချိန်အကြာကြီးတန်းမစီနိုင်သူများဖြစ်ပါက တာဝန်ရှိသူများထံအကြောင်းကြားရမယ်လို့ သတ်မှတ်ထားပါတယ်။