မူကြိုကျောင်းကားပေါ် ရေဘူးတက်ယူသည့် ကလေးငယ် အချိန်ကြာကြာတံခါးပိတ်မိပြီး သေဆုံး

ဝမ်းနည်းဖွယ် သေဆုံးခဲရတဲ့ ကလေးငယ်
ဓါတ်ပုံ။ CJ

ရန်ကုန်၊ မေ ၄

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် မူကြိုအရွယ် ကလေးငယ်တစ်ဦး မူကြိုကျောင်းကားပေါ် ရေဘူးတက်ယူရာက အချိန်ကြာကြာ တံခါးပိတ်မိပြီး ကွယ်လွန်သွားမှု ဖြစ်စဉ်တစ်ခု မေလ ၄ ရက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းမှာ မှော်ဘီမြို့နယ် ဆပ်သွားတောကျေးရွာ မြိုင်သာယာရပ်ကွက်ရှိ ချင်းမူကြိုကျောင်းတစ်ခုတွင် တက်နေသည့် က လေး ငယ် ဖြစ်ကြောင်း၊ မူကြိုကျောင်းကားက မူကြိုကလေး သုံးယောက်ကို ကြို၍ ကျောင်းသို့မောင်းနှင် ရောက်ရှိ ပြီး နောက် ကလေးများ ဆင်းသွားခဲ့ကြကြောင်း၊ယင်းနောက် ယခု ကွယ်လွန်သွားသော ကလေးငယ်က ကျောင်းကားပေါ် ရေ ဘူး ကျန်ခဲ့သောကြောင့် ပြန်လည် တက်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ကျောင်းကားမောင်း သည့် ယာဉ်မောင်းကလည်း ကလေး ငယ်များ မရှိတော့ ဟု အထင်ဖြင့် ကားကို လော့ခ်ချရပ်ရာ ကားမှာ နေပူထဲတွင် ရှိနေခြင်းဖြစ်ပြီး နာရီ အတော်ကြာ ကား အတွင်း ပိတ်မိနေရာမှ ကလေးငယ်မှာ အသက်ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်၏ အိမ်အမည်မှာ ညော်ညော် ဖြစ်ပြီး တစ်ဦးတည်းသောသားဖြစ်ကာ လက်ရှိအချိန်တွင် ကလေး ငယ်အား တောင်ငူမြို့တွင် သင်္ဂြိုလ်ရန် ပြန်လည်ခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

“အိမ်နဲ့ကျောင်းနဲ့ကသိပ်မဝေးတော့ နေ့စဉ်စက်ဘီးလေးနဲ့ကျောင်းသွားတတ်တဲ့သားလေးကိုရာသီဥတု ပူပြင်းလို့ စိုးရိမ်ပြီး ကျောင်းကားလေးနဲ့သွားစေခဲ့တာ၊ကျောင်းရောက်တော့ကားပေါ်ကဆင်းပြီးမှ ရေဘူးကျန်ခဲ့လို့ပြန်ယူတာ၊ကားတံခါး ပြန်ဖွင့် မရနာရီပေါင်းများစွာ ပိတ်မိပြီးအသက်ဆုံးရှုံးခဲ့ရတာပေါ့”ဟု ကွယ်လွန်ခဲ့သည့် ကလေးငယ်၏ မိခင်သူငယ်ချင်း တစ်ဦးက ရေးသားထားသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *