စင်္ကာပူ၊ စက်တင်ဘာ ၁၃
စင်္ကာပူနိုင်ငံ Woodlands မှာရှိတဲ့ Kinderland မူကြိုကျောင်းမှာ ကလေးငယ်တွေကို နှိပ်စက်မှု၊ရိုက်နှက်မှု စတာတွေ ကျူးလွန်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ဆရာမ ကို တရားရုံးတော်က စက်တင်ဘာ ၁၃ရက် ဗုဒ္ဓဟူးနေ့မှာ စင်ကာပူဒေါ်လာ ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၉,၅၄၀) နဲ့ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။
အသက် ၃၃ နှစ်အရွယ် ဆရာမ လင်းမင်းဟာ အခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ၂၃ လသား ကလေးကို ပါးစပ်ထဲရေ လောင်း ထဲ့ပြီး အတင်းအကျပ်အိပ်ခိုင်းခဲ့ပါတယ်။။
သူမရဲ့ လုပ်ရပ်တွေကို ဗီဒီယိုမှာ မှတ်တမ်း ဖမ်းမိခဲ့ရာက လင်းမင်းက က မျက်နှာပေါ် လက်တင်ပြီး ငိုနေတဲ့ ကလေးရဲ့ပါးစပ် ထဲ ကို ရေလောင်းထည့်နေတာကို တွေ့ခဲ့ရပါတယ်။
ကလေးငယ်အပါအဝင် ဗီဒီယိုထဲမှာ ပါဝင်ပတ်သက်ခံရသူတွေရဲ့အထောက်အထားတွေကိုတော့ အကာအကွယ် ပေးထားဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
ဗီဒီယိုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က သြဂုတ် ၂၉ ရက်ညနေပိုင်းမှာ ဆရာမကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။။
သူကို ပထမဆုံး ဖမ်းဆီးပြီးတဲ့နောက် အရင်ဆုံး စိတ်ရောဂါဆိုင်ရာအကဲဖြတ်မှု Institute of Mental Health (IMH) လုပ်ခဲ့ပါ တယ်။ ပုံမှန် စိတ်အနေအထားရှိတာမို့ ရုံးတင် တရားစွဲဆို ခဲ့ပါတယ်။
အာမခံ ပေးပြီးတဲ့နောက်တော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ အမှုကိုလေးပတ်ကြာ ဆိုင်းငံ့ထားမှာ ဖြစ်တယ် လို့ တရားလို ပြရှေ့နေက ပြောဆို ခဲ့တယ်လို့ သိရပါတယ်။
Ref: TODAY/mi
ပုံစာအညွှန်း ။ကလေးငယ်ကို ညှင်းပမ်းနေတဲ့ ဗီဒီယို ကို တွေ့ရပုံ
Feature Image Credit: CNA