မုံရွာ-မန္တလေးလမ်းမှာ Isuzuယာဥ်ကို Mini Busက ဝင်တိုက်မိပြီး လူ၂ဦးညပ်မိမှုဖြစ်ပွား

ဇန်နဝါရီ ၊၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ- မန္တလေးလမ်းမကြီးမှာ မုံရွာက မန္တလေးကို မောင်းနှင်နေလာတဲ့ ISUZU ယာဉ်ကို JINBEI Mini Bus ယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိပြီး လူ (၂) ဦးညပ်မိမူဖြစ် ပွားခဲ့တယ်လို့ မီးသတ်ဌာနက သိရပါတယ်။

ဇန်နဝါရီလ၁၃ရက်ညနေ၃နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီးညပ်မိနေတဲ့အမျိုးသားနှစ်ဦးကို အသက်ရှင်ရက်ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကိုင်းမြို့နယ်မီးသတ်စခန်းနဲ့ အိုးဘိုလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ စစ်ကိုင်းမြို့ကုတင် (၂၀၀) ဆံ့ဆေးရုံကို ပို့ဆောင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *