မုံရွာမှာ နားထင်ကိုသေနတ်နဲ့ ပစ်သတ်ခံ ခဲ့ရတဲ့ကိုယ်ဝန်ဆောင် မအေးငြိမ်းသူ(ခ) သဲသဲ (၂၅)နှစ်ရဲ့ နာရေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ထန်းတောရပ်ကွက်၊အင်ကြင်းလမ်းဘေးက နေ အိမ်ထမင်းဆိုင်မှာ လူသတ်ဓားပြအဖွဲ့က ရက်ရက်စက်စက်သေနတ်နဲ့ နားထင်ကို ပစ်သတ်တာကို ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင် မအေးငြိမ်းသူ(ခ)သဲသဲ (၂၅)နှစ်ရဲ့ နာရေး ကို သြဂုတ်လ၁၂ရက် နေ့လယ်ပိုင်းက ကျန်ရစ်သူမိသားစုက ပြုလုပ်ပေးခဲ့ပါ တယ်။

ကိုယ်ဝန်ဆောင်မအေးငြိမ်းသူ(ခ)သဲသဲ (၂၅) နှစ်ရဲ့ နာရေးအပြင် မမွေးဖွားမီ ဓားပြအဖွဲ့ရဲ့သတ်ဖြတ်မှုကြောင့် ဝမ်းဗိုက် ထဲမှာတင်သေဆုံးသွားခဲ့ရတဲ့သားလေးကိုလည်း မိခင်ဖြစ်သူရဲ့ဗိုက်ထဲကနေခွဲ ထုတ် ပြီး သားအမိနှစ်ယောက်စလုံးရဲ့ နာရေးကို မိသားစုဝင်များကပြုလုပ်ပေးခဲ့တာကိုလည်း တွေ့မြင်ခဲ့ရတယ်။

ရက်စက်စွာသတ်ဖြတ်ခံခဲ့ရတဲ့ မအေးငြိမ်း သူ(ခ)သဲသဲ (၂၅) နှစ်ရဲ့ နာရေးကို မုံရွာမြို့ကပြည်သူအများအပြားလိုက်ပါပို့ဆောင် ပေးခဲ့ကြပါတယ်။

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *