မုံရွာမှာ ကိုယ်ဝန်အရင့်အမာအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ဓားပြတိုက်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ထန်းတော အင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ် မှာ သြဂုတ်လ၁၀ရက်နေ့ညနေ၃နာရီခန့် က ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဓားပြ အဖွဲ့မှ ကိုယ်ဝန်အရင့်အမာအမျိုးသမီး တစ်ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသ ခံတွေဆီက ကနဦးစုံစမ်းသိရှိရပါတယ်။

ဓားပြတိုက်မှုဖြစ်စဉ်မှာ ဓားပြအဖွဲ့က ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ် ပြီး ဖုန်း၂လုံးနဲ့Clickဆိုင်ကယ်တစ်စီး တို့ ကို လုယူထွက်ပြေးသွားခဲ့တယ်လို့ သိရပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *