မုံရွာမြို့၊ထန်းတောအင်းဖြတ်ရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဓားပြတိုက်ပြီး မွေး ခါနီးကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ် ခဲ့တဲ့အဖွဲ့ကိုဖမ်းဆီးရမိခဲ့တယ်လို့ GUARDIANFORCEအဖွဲ့ခေါင်းဆောင် ဆိုသူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ကနေ Liveလွှင့်ပြီးပြောကြားခဲ့ပါတယ်။


ပစ္စည်းယူဓားပြတိုက်တဲ့အဖွဲ့မှာ အမျိုး သား၇ယောက်ပါဝင်ပြီး အဖွဲ့ဝင်အမျိုး သားတစ်ယောက်ကနေ ကိုယ်ဝန်ဆောင် သည်အမျိုးသမီးနဲ့အခြားအမျိုးသမီးတို့ကို သေနတ်နဲ့ ပစ်ခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ လူသတ်ဓားပြအဖွဲ့ကိုGUARDIAN FORCEအဖွဲ့ကနေ ဘယ်လိုပြစ်ဒဏ်ပေးမလဲဆိုတာတော့ မသိရသေးပါဘူး။