စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ပေါ်မှာ စစ်ဘေးရှောင်ရင်း ရောက်ရှိနေတဲ့ကလေးငယ်အများစု ယားနာကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီကနေ ဒီဇင် ဘာလ၆ရက်နေ့က စုံစမ်းသိရှိရပါတယ်။


မုံရွာမြို့ပေါ်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၅၀၀ ဦးလောက်ရှိပြီး စစ်ဘေးရှောင်မိသားစုဝင်များအနက် ကလေးငယ် ၂၀ဦးဟာ ယားနာကူးစက်ခံရပြီး ယားနာပျောက်ဖို့အတွက် လိမ်းဆေးများ လိုအပ်နေတယ်လို့ သိရပါတယ်။


မုံရွာကို စစ်ဘေးရှောင်လာတဲ့ ပြည်သူများအတွက်လည်း စားနပ်ရိက္ခာလိုအပ်ချက်များရှိနေကြောင်လည်း စုံစမ်းသိရှိရပါတယ်။
Visited 48 times, 1 visit(s) today



