ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဓနိဆိပ်အုပ်စု၊ ပိန္နဲကုန်းကျေးရွာ၊ လိမ္မော်ချောင်း (၄) ခွဆုံ၌ မေလ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်အချိန်က မုန်တိုင်းရှောင်ပြည်သူများ လိုက်ပါလာသော စက်လှေနှင့် ကုန်တင်စက်လှေ တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်၊ ဝါးတောကျေးရွာမှ မုန်တိုင်းရှောင်ပြည်သူအမျိုးသမီး အမျိုးသား ၆၇ ဦးလိုက်ပါလာသော ပင်လယ်ငါးဖမ်းစက်လှေ နှင့် ခရီးသည် ၆ ဦး လိုက်ပါလာသော သိန်းသန်ကြွယ်ရေယာဉ်လိုင်းမှ စက်လှေတို့ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကုန်တင် စက်လှေမှာ ပိန္နဲကုန်းကျေးရွာတွင် ကုန်ပစ္စည်းများချပြီး ပိန္နဲကုန်းချောင်းအတိုင်းမောင်းနှင်လာစဉ် ပိန္နဲကုန်းချောင်း နှင့် လိမ္မော်ချောင်းဆုံရာအရောက်တ တိုက်မိခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် သိန်းသန်းကြွယ်ရေယာဉ် ဦးပိုင်းပွင့်ထွက်နစ်မြုပ်ခဲ့ကြောင်း ၊ ယင်းဖြစ်စဉ်တွင် လူထိခိုက်သေဆုံးမှုမရှိဘဲ ရေယာဉ်ပေါ်ပါလာကုန်ပစ္စည်းများ နစ်မြုပ်ခဲ့ကြောင်းသိရသည်။