မုဒုံ-သံဖြူဇရပ်ကားလမ်းတစ်လျှောက်တွင် မွန်ပြည်သစ်က ကင်းလှည့်ခြင်း စတင်

မွန်ပြည်နယ်မုဒုံ-သံဖြူဇရပ်ကားလမ်းတစ်လျှောက်တွင် မွန်ပြည်သစ် တပ်ဖွဲ့ဝင်များက ကင်းလှည့်ခြင်း စတင်ပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဇူလိုင်လ ၁၃ ရက်နေ့က စပြီး ကင်းလှည့်တာ တွေ့တယ်ခင်ဗျ။အဲဒီကားလမ်းမတစ်လျှောက်မှာ ရှိတဲ့ ရွာတွေမှာ ပေါ့၊အဲဒီနေရာတွေမှာ လုံခြုံရေးလုပ်တာလို့ သိရပါတယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များက လက်နက်အပြည့်စုံနှင့် ကင်းလှည့်နေကြခြင်း ဖြစ်ပြီး မုဒုံမြို့နယ်၊ ညောင်းကုန်လမ်းမတစ်လျှောက်တစ်ပတ်ကြာ ကင်းလှည့်မည်ဖြစ်ကြောင်း သိရသည်။

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *