မုတ်သုန်မိုးကြောင့် ပါကစ္စတန်မှာ ရေကြီးရေလျှံဖြစ် ကလေး ၃၂၆ ဦးအပါအဝင် လူ ၉၀၀ကျော်သေဆုံး

အပြင်းထန်ဆုံး ထိခိုက်မှုအများဆုံး ဒေသဖြစ်တဲ့ ဘာလိုချင်စတန်ပြည်နယ်က ရေကြီးရေလျှံ မြင်ကွင်း တစ်ခု (AP Photo/Hamdan Khan)

အစ္စလာမာဘတ်(ပါကစ္စတန်)၊  ဩဂုတ် ၂၄

ပါကစ္စတန်နိုင်ငံမှာ  ဒီနေ့အထိသီတင်းရှစ်ပတ်တိုင် သည်းသည်းထန်ထန် ရွာသွန်းနေတဲ့ မုတ်သုန်မိုးကြောင့်လူ ၉၀၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါကစ္စတန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး ရှယ်ရီ ရယ်မန် က ပြီးခဲ့တဲ့ ဩဂုတ် ၂၄ရက် ဗုဒ္ဓဟူးနေ့ က CNN  ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

“ဘေးဥပဒ်ကြောင့် ထောင်နှင့်ချီတဲ့ ဒုက္ခသည်တွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာမရှိ အိုးမဲ့အိမ်မဲ့” ဖြစ်နေပြီလို့  ရှယ်ရီ ရာမန် က ပြောပါတယ်။ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်သွားပါပြီ။ ဒါက ဆိုးရွားတဲ့ လူသားချင်းစာနာထောက် ထား မှုဆိုင်ရာ ဘေးအန္တရာယ်တစ်ခုပါပဲ။” လို့ လည်း သူက ပြောပါတယ်။ သူ့ရဲ တွစ်တာမှာလည်း သေဆုံးသူတွေထဲမှာ  ကလေး ၃၂၆ ဦးအထိ ပါတဲ့ အကြောင်း ရေးခဲ့ပါတယ်။ ဒုက္ခသည်တွေကို ကူညီဖို့ အစိုးရအနေနဲ့ ရနိုင်တဲ့ အရင်းအမြစ်အားလုံးကို အသုံးချနေပါတယ်” လို့ လည်း ပြောပါတယ်။

ဇွန်လလယ်ကတည်းက  ရွာသွန်းနေတဲ့  သည်းထန်တဲ့ မုတ်သုံမိုးကြောင့်  ရေကြီးရေလျံမှုများတွေ ဆက်တိုက်ဖြစ်နေပြီး လူပေါင်း ၂ ဒသမ ၃ သန်း အထိခိုက်ခဲ့ပြီး လည်းဖြစ်တဲ့အကြောင်း  ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)  က ပြောကြားထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုအေဂျင်စီရဲ့ အဆိုအရ အနည်းဆုံးအိမ်ခြေ 95,350 ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အရှေ့ တောင်ပိုင်း ဆင့်ဒ် ပြည်နယ်နှင့် အနောက်တောင်ပိုင်း ဘာလိုချစ်စတန် ပြည်နယ် တွေကတော့ လူအပါအဝင် အခြေခံအဆောက်အအုံတွေ အထိခိုက်ဆုံးပြည်နယ်နှစ်ခုဖြစ်တဲ့အကြောင်း လည်း OCHA ရဲ့ အင်္ဂါနေ့က  ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က မြိုတော် ကရာချိ ရေမြုပ်နေပုံ

Ref: CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *