အိနိ္ဒယနိုင်ငံအရှေ့ပိုင်း၊ ဩဒိသျှပြည်နယ် ဘာလာဆိုရေခရိုင်အတွင်းမှာ ဇွန် ၂ရက်ညဦးပိုင်းက ဖြစ်ပွားခဲ့တဲ့မီးရထားသုံးစင်းဝင်တိုက်မှုဟာ တစ်နိုင်ငံလုံးကိုတုန်လှုပ်သွားစေခဲ့တယ်။ ခရီးသည်တင်အမြန်ရထားနှစ်စင်းနဲ့ ကုန်ရထားတစ်စင်းဝင်တိုက်မိရာကနေ လူပေါင်း ၂၈၈ဦးထက်မနည်း သေဆုံးတယ်လို့ စောစောပိုင်းသတင်းတွေမှာဖော်ပြခဲ့ပေမယ့် ၂၇၅ ဦးပဲ သေဆုံးပြီး ၁၀၀၀ကျော်ဒဏ်ရာရရှိတယ်လို့ အိနိ္ဒယ မီးရထားဝန်ကြီးဌာနကဇွန်လ၄ရက်မှာ အတည်ပြုကြေညာခဲ့ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးချုပ်တွေ မီရထားဝန်ကြီးနဲ့ မီးရထားအရာရှိကြီးတွေ အခင်းဖြစ်နေရာသွားပြီး လိုအပ်တာတွေ စီစဉ်ပေးခဲ့ကြပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းကို သက်ဆိုင်ရာမီးရထားဝန်ကြီးဌာနကတာဝန်ရှိသူတွေ ချက်ခြင်းစုံစမ်းခဲ့ကြပါတယ်။
စုံစမ်းနေတဲ့အချိန်မှာပဲ အိနိ္ဒယအတိုက်အခံနိုင်ငရေးအင်အားစုတွေက ဒါ မိုဒီရဲ့ အိနိ္ဒယနိုင်ငံတော်သစ်လား။ နိုင်ငံတော်သစ်မှာ မီးရထားတွေတိုက်နေတုန်းပဲလား မေးကြတယ်။ ဘာ့ကြောင့်ဒီလို ဖြစ်တာလဲ။ဘယ်သူတာဝန်ယူမှာလဲ။ မီးရထားဝန်ကြီးရာထူးကနှုတ်ထွက်ပေးပါလို့ မေးကြ ပြောကြတာလည်းရှိခဲ့ပါတယ်။
ဇွန်၅ရက်နံနက်ပိုင်းမှာတော့ အိနိ္ဒယမီးရထားဝန်ကြီး အတ်ရှ်ဝီနီက ဒီမီးရထားတိုက်မှုဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းကို တရားဝင်ထုတ်ဖော်ရှင်းလင်းခဲပါတယ်။ မီးရထားအချက်ပြစနစ် အနှောက်အယှက်ကြုံရခြင်းဟာ ဖြစ်ပွါးရတဲ့အကြောင်းရင်းပဲလို့ ကနဦးတွေ့ရှိထားပြီး ဆက်လက်စစ်ဆေးနေကြောင်း ရှင်းပြခဲ့ပါတယ်။
မီးရထားအချက်ပြစနစ်ကောင်းတယ်။ ချွတ်ယွင်းတာမရှိဘူး။ ဒါပေမယ့် အခင်းမဖြစ်မီ အချက်ပြစနစ် အနှောက်အယှက်ကြုံခဲ့ရတယ်လို့ သူဖြေရှင်းတာကို အများစုက ဘဝင်မကျဖြစ်နေကြတယ်။ အတိုက်အခံကွန်ဂရက်ပါတီက ဝန်ကြီးချုပ်နာရင်ဒရာမိုဒီထံကိုမေးခွန်း ၁၁ချက်ပါတဲ့ စာတစ်စောင် ဒီနေ့ပေးပို့လိုက်တယ်လို့ သိရတယ်။
Ref: Aljazeera