မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ ပြည်သူများအနေနဲ့ မီး ဘေးအပါအဝင် သဘာဝဘေးနှင့်ရုတ်တရက်ဖြစ်ပွားတတ်တဲ့ ဘေးအန္တရာယ်များကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနကို အရေးပေါ်အကူအညီ တောင်းခံဆောင်ရွက်နိုင်ဖို့အတွက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အဆင့်မြှင့်တင်ထားတဲ့191 Report Appကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပြီလို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။


အဆင့်မြှင့်တင်ထားတဲ့ 191 Report Appကို ပြည်သူများ ရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘေးဒုက္ခအန္တရာယ်များကို ခေတ်နှင့်အညီ ICT နည်းပညာအသုံးပြုပြီး မီးသတ်ဦးစီး ဌာနကို အချိန်နှင့်တပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံနိုင်ရန်၊ အကူအညီတောင်းခံလာတဲ့ သတင်းပေးပို့ချက်များကို မီးသတ်ဦးစီးဌာနက အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင် ရွက်နိုင်ရန်၊ မီးသတ်ဦးစီးဌာနရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ် ငန်းများကို အားကိုးယုံကြည်မှုရရှိနိုင်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရာမှာ ICT နည်းပညာနဲ့ အ ထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး မီးသတ်ဦးစီးဌာနက ရေးဆွဲထားတာလို့ သိရပါတယ်။
191 Report App ကို
Google Play store link
https://play.google.com/store/apps/details?id=com.nova.efr
Apple Store link
https://apps.apple.com/jp/app/191-report/id1486363883…
တို့မှာ Download ရယူနိုင်တယ်လို့ သိရပါတယ်။