ကွာလာလမ်ပူ၊ အောက်တိုဘာ ၂
မလေးရှားနိုင်ငံရဲ့ ဒေသ အတော်များများမှာ မြူခိုးတွေကျပြီး လေထုအရည်အသွေး ဆိုးရွားနေတာမို့ ကျောင်းတွေကိုပိတ်ခိုင်းထားဖို့ ကြိုးးစားနေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ပြောဆိုလိုက်ပါတယ်။
ခြောက်သွေ့ရာသီတိုင်းလိုလို၊ အင်ဒိုနီးရှားက ဆီအုန်းဆီနဲ့ ပျော့ဖတ်စက္ကူစိုက်ခင်းတွေအတွက် မြေနေရာရှင်းဖို့ မီးရှိုကြလေ့ ရှိပါတယ်။ ဒီမီးခိုးငွေ့တွေက ဒေသအတော်များများရဲ့ကောင်းကင်ယံ မှာ ဖုံးလွှမ်းနေတာမို့ အများ ပြည်သူကျန်းမာရေးကို အန္တရာယ်ဖြစ်စေပြီး ခရီးသွားလုပ်ငန်းရှင်တွေနဲ့ လေကြောင်းလိုင်းတွေအတွက်လည်း စိုးရိမ်စရာဖြစ်နေတယ်လို့ သိရပါတယ်။
အထူးသဖြင့် မလေးရှားကျွန်းဆွယ် အနောက်ဘက်ခြမ်းမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေထုညစ်ညမ်းမှု အညွှန်းကိန်း (API) ကို မှတ်တမ်းတင်ထားတဲ့ ဧရိယာ ၁၁ နေရာလုံးမှာ ဆိုးရွားလာနေတယ်လို့ အဲ့ဒီဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဝမ် အက်ဘဒူ လာတစ်ဖ် ဂျပ်ဖာ က အောက်တိုဘာ ၂ ရက် တနင်္လာနေ့ နှောင်းပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ .
အိမ်နီးချင်း အင်ဒိုနီးရှားဘက်က မီးလောင်ကျွမ်းလို့ ဖြစ်လာတဲ့ ညစ်ညမ်းမှုဟာ မလေးရှားကို သက်ရောက်မှူ ရှိတယ်လို့ မလေး ဘက်က ပြောပေမယ့် အင်ဒိုနီးရှားဘက်ကတော့ သူ့ နယ်နိမိတ်ကမီးခိုးတွေ မလေးရှား ဘက်ကို ပျံ့နေတာမတွေ့ရဘူးလို့ ငြင်းဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းနဲ့ ဘော်နီယိုကျွန်း တစ်စိတ်တစ်ပိုင်းတို့မှာ မီးလောင်ကျွမ်းမှုကို လေ့လာခဲ့တဲ့ ဒေသဆိုင် ရာ မိုးလေဝသအေဂျင်စီတစ်ခုက နေရာ ၂၅၀ နီးပါးကို တွေ့ခဲ့တယ်လို့ မလေးရှား ဘက်ကနေ အောက်တိုဘာ ၂ရက်ကပဲ ပြောဆိုလိုက်တဲ့ အကြောင်း သိရပါတယ်။
Ref: Reuters/ga
ပုံစာ။ ကွာလာလမ်ပူမြို့ကို မီးခိုးမြူတွေလွှမ်းနေပုံ
Feature Image credit: AP