“လွဲမှားတဲ့လိင်ဆက်ဆံခြင်း” လို့သာ သုံးရမယ်လို့ ဆို
ဘဂ္ဂဒက်၊ ဩဂုတ် ၁၀
အီရတ်နိုင်ငံရဲ့ တရားဝင်မီဒီယာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အာရပ်နိုင်ငံထဲမှာ လည်ပတ်လုပ်ကိုင်နေတဲ့ မီဒီယာနဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီတွေအားလုံး “လိင်တူဆက်ဆံခြင်း” ဆိုတဲ့ အသုံးအနှုန်းကို မသုံးရဘူးလို့ အမိန့် ထုတ်လိုက်ပါတယ်။
ဒါ့အပြင် “လွဲမှားတဲ့ လိင်ဆက်ဆံခြင်း” လိုသာ အသုံးပြုရမယ်လို့ အမိန့်ထုတ်ခဲ့တဲ့အကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဒီကိစ္စကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အမိန်စာနဲ့ ထုတ်ပြန်ခဲ့ တာလို့လည်း ပြောပါ တယ်။
အီရတ်ဆက်သွယ်ရေးနဲ့ မီဒီယာကော်မရှင် (CMC) ရဲ့ စာတမ်းမှာ “ကျား မ” ဆိုတဲ့ အသုံးအနှုန်းကိုလည်း ပိတ်ပင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လိုင်စင်ရထားတဲ့ ဖုန်းနဲ့ အင်တာနက်ကုမ္ပဏီတွေ အနေနဲ့လည်း သူတို့ရဲ့ မိုဘိုင်းအက် ပလီကေးရှင်းတွေ အသုံးပြုတာကို တားမြစ် ကန့်သတ်ထားပါတယ်။
နောက်ဆုံးကြားသိရတာကတော့ အပြီးသတ် အမိန့်ထုတ်ပြန်ချက်မဟုတ်သေးဘဲ ထပ်ဆင့် အတည်ပြုချက်တွေ လုပ်ဖို့ လိုနေပါသေးတယ်လို့လည်း သိရပါတယ်။
ဖော်ပြခဲ့တဲ့ အမိန့်စာကို အာရပ်ဘာသာနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်တစ်စုံတစ်ရာ ထည့်ထားတာမတွေ့ရသေးဘူး လို့လည်း ဆိုပါတယ်။
အီရတ်နိုင်ငံဟာ လိင်တူလိင်ဆက်ဆံတာကို ရာဇ၀တ်မှုမြောက်တယ်လို့ မသတ်မှတ်ပေမယ့် သူတို့ရဲ့ ရာဇ၀တ် ကျင့်ဝတ် ဆိုင်ရာ အပိုဒ်တွေမှာ LGBT အသိုင်းအဝိုင်းတွေကို ပစ်မှတ်ထားတဲ့ အချက်အလက်တွေ ထည့်သွင်းထားကြောင်း သိရ ပါတယ်။
သိရတဲ့ အချက်အလက်တွေအရ နိုင်ငံပေါင်း ၁၃၀ ကျော်က လိင်တူဆိုင်ရာ ပြုမူမှုတွေဟာ တရားဝင်ပေမယ့် တခြား နိုင်ငံပေါင်း ၆၀ ကျော်မှာတော့ လိင်တူဆက်ဆံခြင်းကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားတယ် သိရပါတယ်။
Ref : CNN