မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာရှလမ်းမကြီးရဲ့ကော့ကရိတ်-မြဝတီ သွားကားလမ်းမှာ မြေပြိုလမ်းပြိုများ ဖြစ် ပွားနေ

ကရင်ပြည်နယ်အတွင်း သြဂုတ်လ(၁) ရက်နေ့မှစတင်ပြီး မိုးအဆက်မပြတ် သွန်းခဲ့ပြီး သြဂုတ်လ၇ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာရှ လမ်းမကြီးရဲ့ကော့ကရိတ်-မြဝတီသွားကား လမ်းမှာ မြေပြို လမ်းပြိုများ ဖြစ်ပွားနေ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကော့ကရိတ်-မြဝတီသွားအာရှလမ်း တောနော်ရေတံခွန်နားက မိုင်တိုင် အ မှတ်(၁၄၉)နဲ့(၁၅၀)ကြားမှာ ကားလမ်း အောက်ခံမြေသား အကျယ်(၃၃)ပေရှိ ကတ္တရာခင်း ကားလမ်း အရှည် ၁၅၀ ပေဟာ ပဲ့ကျပျက်စီးခဲ့တာကြောင့် ကား လမ်းပိတ်ဆို့မှုတွေဖြစ်ပြီး ကားတွေသွားဖို့ မဖြစ်နိုင်တော့ပါဘူး´´လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တာဝန်ရှိသူတစ်ဦးကလည်း “ ကော့က ရိတ်-မြဝတီ အာရှလမ်းမကြီး မိုင်တိုင် အမှတ်( ၁၅၄/ ၁၅၅)ကြား လမ်းရဲ့ ယာဘက်ခြမ်းကတောင်ကမ်းပါးယံမှာ မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ပေ ( ၆၀)အရှည်ခန့်ရှိ တောင်ကမ်းပါးယံ မြေစာများ အာရှလမ်းမကြီးပေါ်မှာ ပြိုကျပြီး မြေများ ပိတ်ဆို့နေတာကြောင့် မြဝတီ-ကော့ကရိတ် အတက်/အဆင်း သွားလာတာတွေကို ယာယီရပ်နားထား ရပါတယ်´´လို့ပြောပါတယ်။

လတ်တလောအချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုလမ်းပြိုမှုတွေ ဖြစ်ပွားခဲ့ရတဲ့ ကော့ကရိတ်-မြဝတီ အာရှ လမ်းမကြီးရဲ့လမ်းပိုင်းတွေ လမ်းပန်း ဆက်သွယ်ရေးပြန်လည်ချောမွေ့လာ နိုင်ရေးအတွက် တာဝန်ရှိသူတွေက အချိန်နဲ့တပြေးညီ ကြိုးစားဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *