■လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး ပိုမိုထိရောက်စွာလုပ်ကိုင်နိုင်ဖို့ကြေညာခဲ့တာဖြစ်
နစကဟာ ရှမ်းပြည်နယ်က မိုးမိတ်မြို့နယ်နဲ့ မဘိမ်းမြို့နယ်တို့ကို အမိန့်အမှတ်(၁/၂၀၂၄)ထုတ်ပြန်ပြီး ဖေဖော်ဝါရီလ၂၈ရက်က စစ်အုပ်ချုပ်ရေးကြေညာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် အချိန်နှင့်တပြေးညီ ပြောင်းလဲဖြစ်ပေါ်နေသည့်အခြေအနေများပေါ်မူတည်၍ မိမိကိုယ်တိုင်သော် လည်းကောင်း ၊ စစ်နယ်မှူးများကို တာဝန်ပေး၍သော် လည်းကောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့မှာ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်တယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Visited 61 times, 1 visit(s) today



