မိုးညှင်းမှာ ခရီးသည်ယာဥ်တစ်စီးနဲ့လိုက်ပါလာတဲ့ အ မျိုးသမီးတစ်ဦးဆီက ကျပ်၈၂၅သိန်းတန်ဖိုးရှိ ဘိန်းဖြူ ဖမ်းမိ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးမှာ ဒီဇင်ဘာလ၆ရက်မနက်၈နာရီ၄၅မိနစ်က မော် တော်ယာဉ်များကို စစ်ဆေးရှာဖွေစဉ် ခရီးသည်ယာဥ်တစ်စီးနဲ့လိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးဆီက ကာ လတန်ဖိုးငွေကျပ်၈၂၅ သိန်းတန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းတီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှူဖြစ်စဥ်မှာ ဒီဇင်ဘာလ၆ရက်နက်၈နာရီ ၄၅မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအ နီးမှာ မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်ကနေ မြစ်ကြီးနားမြို့ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင် မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် မယွန်းဝါ(ခ)မဝါ သယ်ဆောင်လာတဲ့ ဆာ လာအိတ်များအတွင်းမှ ဆပ်ပြာခွက်များနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၃.၃ ကီလို(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၈၂၅ သိန်း)နှင့်လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

ဘိန်းဖြူတွေနဲ့အတူဖမ်းမိခဲ့တဲ့ မယွန်းဝါ(ခ)မဝါ(၄၁)နှစ်ကို မိုးညှင်းမြို့မရဲစခန်းမှာမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့လည်းသိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *