မိုးညှင်းမြို့မှာ အလွတ်တန်းသတင်း ထောက်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ကချင်ပြည်နယ်၊မိုးညှင်းမြို့၊အထကကျောင်းကပ်လျှက်လမ်းရဲ့တစ်လမ်းကျော်က လမ်းပေါ်မှာ စက်တင်ဘာလ၄ရက် ညနေ၅နာရီခန့် က အလွတ်တန်းသတင်း တစ်ဦးကို မိုးညှင်းK-PDFတပ်ရင်းက သေနတ်နဲ့ပစ်သတ်တာကို ခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရ ပါတယ်။

အသတ်ခံခဲ့ရတဲ့သူက မိုးညှင်းမြို့မှာ နေထိုင်ပြီး ဓာတ်ပုံဆိုင်ပိုင်ရှင် ဦးသန်း ထွန်းအောင်ဆိုသူဖြစ်ကာ အလွတ်တန်း သတင်းထောက်တစ်ယောက်ဖြစ်တယ် လို့လည်း သိရပါတယ်။

ဦးသန်းထွန်းအောင်ဟာ ဇနီးဖြစ်သူနဲ့အတူ ဆိုင်ကယ်စီးလာချိန်မှာ နောက်ကနေ လိုက်ပါလာတဲ့ဆိုင်ကယ်က အမျိုးသား နှစ်ဦးက သေနတ်နဲ့ လေးချက်ပစ်တာကို ခံခဲ့ရပြီး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *