မိုးညှင်းမြို့နယ်က NLDပါတီရဲ့ ပြည်နယ်လွှတ်အမတ် နှစ်ယောက် ထောင်ဒဏ်တွေချမှတ်ခံရ

အကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်

ပြစ်ဒဏ်ချခံရသူ ဉီမျိုးကျော်
ဓါတ်ပုံ။ CJ

မြစ်ကြီးနား၊ မတ် ၃၀

မိုးညှင်းမြို့နယ်က NLDပါတီရဲ့ပြည်နယ်လွှတ်တော် အမတ်တွေဖြစ်ခဲ့ဖူးတဲ့ ဒေါ်သက်ထားနှောင်းနဲ့ဦးမျိုးကျော်တို့ကို မြစ်ကြီးနားထောင်တွင်းတရားရုံးကနေမတ်လ၃၀ရက်နေ့က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ အကျဉ်းဦးစီး ဌာနအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒေါ်သက်ထားနှောင်းဟာ နမ္မားမြို့၊အောင်မင်္ဂလာရပ်ကွက်ကနေအိမ်မှာ ၂၀၂၁ခုနှစ်သြဂုတ်လ၄ရက်နေ့ကဖမ်းခံ ခဲ့ရ ပြီး နောက်၂၀၂၂ခုနှစ်၊ မေလ ၂၆ ရက်နေ့ကမြစ်ကြီးနားမြို့နယ်တရားရုံးကနေ ရာဇသတ် ကြီး ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၁နှစ်ချမှတ်ခဲ့ရတဲ့အပြင် ယခုအခါမှာတော့အကြမ်းတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့ ထောင် ၁၁ နှစ်ထပ်မံချခံခဲ့ရတာပါ။

ဦးမျိုးကျော်ကတော့၂၀၂၂ ခုနှစ်  ဩဂုတ်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်မှာ ဖမ်းခံခဲ့ရပြီးယခုအခါမှာတော့ အကြမ်းတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ထောင်ဒဏ်၇နှစ်ချမှတ်တာခံခဲ့ရတာပါ။ဦးမျိုးကျော်ကို စစ်ကြောရေးမှာ သေဆုံးသွား တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

Visited 61 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *