မိုးကောင်း၊ဖားကန့်၊ဟိုပင်၊မိုးညှင်းမြို့နယ်နဲ့ နဘားတို့ မှာ လျှပ်စစ်ဓာတ်အား အနည်း ဆုံး၂ရက်ကြာ ပြတ်တောက်မယ်

ဓါတ်အားလိုင်း ကျိုးကျနေပုံ

မန္တလေး၊ ဧပြီ ၂၁

မန္တလေးမြို့နဲအနီးပတ်ဝန်းကျင်ကနေရာတွေမှာ ဧပြီ လ၂၁ရက်ည၉နာရီကလေပြင်းများ တိုက်ခတ်ခဲ့တာကြောင့် ရန်ကုန်-မန္တ လေး အမြန်လမ်းမကြီးဘေးတံတားဦးတိုးဂိတ်အနီး လမ်းအနောက်ဘက် တစ်တိုင်ကျော်မှ စပြီး တာဝါတိုင်အမှတ် – 67/ 68/ 69 သုံးတိုင်မှာ ကျိုးကျပျက်စီးခဲ့တယ်လို့ လျှပ်စစ်ဓာတ်အား ပို့လွတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနက သိရပါတယ်။

ကျိုးကျပျက်စီးခဲ့တဲ့ တာဝါတိုင်သုံးတိုင်ဟာ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းဒေသကြီးတို့က မြို့နယ်အချို့လျှပ် စစ်ဓာတ်အား ပေးပို့ နေတဲ့ 230-kV အုန်းတောပင်မခွဲရုံရဲ့ တာဝါ တိုင်တွေပဲ ဖြစ်ကြတဲ့အတွက် အုန်းတော ပင်မခွဲရုံကိုလျှပ်စစ်ဓာတ်အား ပို့ လွှတ်နိုင် ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

ဒါကြောင့် 230-kV အုန်းတော-ရွှေဘို-နဘား-ဗန်းမော်လိုင်းမှ လျှပ်စစ်ဓာတ်အား ရယူ ဖြန်ဖြူးပေးထားတဲ့စစ်ကိုင်းခရိုင် ၊ ရွှေဘိုခရိုင် ၊ကသာခရိုင်တစ်ခြမ်း ၊ မိုးညှင်းခရိုင် ၊ ဗန်းမော်ခရိုင် ၊ မြစ်ကြီးနားမြို့နယ်တစ်ခြမ်း တို့မှာ လျှပ်စစ်ဓာတ်အား ပြတ် တောက်လျက်ရှိပြီး ချီဖွေငယ်စက်ရုံမှ လျှပ်စစ်ဓာတ်အားဝန်အားပမာဏ(MW)မှာ အလွန်နည်းနေတာကြောင့် မြစ် ကြီး နားခွဲရုံ အမှတ်(၂)အထိသာ ပေးထားနိုင်ပြီး မိုးကောင်း၊ဖားကန့် ၊ ဟိုပင် ၊ မိုးညှင်းမြို့နယ်နဲ့ နဘားတို့ကို လျှပ်စစ် ဓာတ် အား ဖြန့် ဖြူးပေး နိုင်းခြင်း မရှိသေးဘူးလို့ သိရပါတယ်။တာဝါတိုင်သုံးတိုင်ကို လျှပ်စစ်ဓာတ်အား ပို့လွတ်ရေး နှင့်ကွပ်ကဲ ရေး ဦးစီးဌာန (DPTSC)မဟာဓာတ်အား လိုင်းမှူးရုံး အုန်းတောနှင့်ဘဲလင်း လိုင်းအဖွဲ့မှ ပြုပြင်ဆောင်ရွက်ကြမှာဖြစ်ပြီး ခန့်မှန်း ခြေ ၂ရက်မှ၄ရက်ခန့်အထိ လုပ်ငန်းဆောင် ရွက်မှုအပေါ် မူတည်ပြီး ကြာမြင့်နိုင်တယ် လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *