မိုးကုတ်မြို့အရှေ့ပိုင်းမှာ လေးလောင်းပြိုင်လူသတ်မှုဖြစ် ပွား

အသတ်ခံရတဲ့ထဲမှာ အရွယ်မရောက်သေးတဲ့ကလေးနှစ်ဦးပါ ပါဝင်

မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့အရှေ့ပိုင်းမှာ ရှိတဲ့ ရွှေကူရပ်ကွက်က နေအိမ်တစ်အိမ်မှာ မေလ၂၅ ရက်ညပိုင်းက လေးလောင်းပြိုင်လူသတ်မှုတစ်ခုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လူသတ်မှုက ဖြစ်သွားတာဟုတ်ပါတယ်။မိသားစုဝင် တွေကို ဘာကြောင့် သတ်သွားတာလဲဆိုတာတော့သေချာ မသိရသေးဘူး။အသတ်ခံလိုက်ရတာက ပန်းရန်ဆရာရယ်၊သူ့မိန်းမရယ်၊သူ့သားနှစ်ယောက်ရယ်ပါ။ညပိုင်း မိုးတွေရွာနေတုန်း သတ်သွားတာတဲ့။လူသတ်တရားခံလည်း မမိသေးဘူးတဲ့” လို့ မိုးကုတ်နေပြည်သူတစ်ဦးက ပြောပါတယ်။

အသက်၄၀နှစ်ခန့်အရွယ်အိမ်ရှင်လင်မယား၊အသက် ၉ နှစ်အရွယ်သားတစ်ဦးနဲ့အသက်၁၅နှစ်အရွယ်သားတစ်ဦးတို့ကို လူသတ်တရားခံမှ ဓါးနဲ့ရက်ရက်စက်ထိုးခုတ်သတ်ဖြတ်သွားတာလို့လည်း သိရပါတယ်။

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *