
Photo Credit: celebrity Net worth
ကယ်လီဖိုးနီးယား၊ ဖေဖေါ်ဝါရီ ၁၀
၂၀၁၆ခုနှစ်က ထွက်ခဲ့ပြီး ကလေးရော လူကြီးပါမကျန် အရမ်း သဘောကျနှစ်ခြိုက်ခဲ့ကြတဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းသူလေး မိုအာ့နာ အန်နီမေးရှင်းကာတွန်းကားမှာလူသန်ကြီး မာဝီ အဖြစ်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ ရဲ့ အားပေးမှု ရခဲ့တဲ့ မင်းသားဒွိုင်း ဂျွန်ဆင် ( သရော့ခ်) တစ်ယောက် မိုအာနာ(၂) (Maona -2)မှာ ပြန်ပါလာဖို့ ထုတ်လုပ်သူတွေနဲ့ ဒါရိုက်တာ တို့ အကျိတ်အနယ် ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
အဓိက အတားအဆီးက မိုအာ့နာ (၂) ဇာတ်ညွှန်းက အဓိက ကျနေပြီး ဇာတ်လမ်းထဲမှာ လူသန်ကြီး မာဝီ ပြန်ပါ မပါဆိုတာ မရေမရာ ဖြစ်နေလို့ ဆိုပြီး နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဘယ်လိုပင် ဖြစ်ပါစေ မင်းသားကြီး ကိုယ်တိုင်ကလည်း မင်းသားကြီး ဒစ္စနေးရဲ့ မိုအာ့နာ နောက်ဆက်တွဲမှာ ပါဝင်ဖို့ သက်ဆိုင် တဲ့သူတွေနဲ့ ဆွေးနွေးနေပါတယ်လို့ ပရိသတ်ကို ပြောထားပါတယ်။
မိုအာ့နာ (၂) ကို အသက်သွင်းဖို့ ထုတ်လုပ်တဲ့ ကုမ္ပဏီ ဆီကနေ ၂၀၂၃ နိုဝင်ဘာမှာ ကတည်းက သဘောတူညီချက် ရခဲ့ပြီးပြီလို့လည်း သိရပါတယ်။
မိုအာ့နာ ဇာတ်ကားကို ၂၀၁၆ခုနှစ် အောက်တိုဘာမှာ စတင်ရုံတင်ခဲ့တာ ဖြစ်ပါတယ်။ကမ္ဘာကျော် ဒစ္စနေး ကုမ္ပဏီက ဒေါ်လာ သန်း ၁၇၀ ကျော် အကုန်ကျခံ ရိုက်ကူးခဲ့တာ ဖြစ်ပြီး ရုံတင်ဝင်ငွေတွေကနေ ဒေါ်လာ ၆၂၈သန်းကျော် ပြန်ရခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
Ref: CNA



