မိုင်းရှုးမြို့နယ်မှာ ၇နှစ်အရွယ် Grade-1ကျောင်းသူကလေးငယ်တစ်ဦး ဆရာမက ရိုက်လို့ ဆေးရုံတင်ထားရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြိုနယ်၊ ဟိုနမ့်ကျေး ရွာ၊ အခြေခံပညာမူလတန်းကျောင်းမှာ အောက်တို ဘာလ၉ရက်နေ့က ၇နှစ်အရွယ် Grade-1ကျောင်းသူကလေးငယ်တစ်ဦးဟာ စာ​မေးတာကို မရလို့ ဆရာမက ရိုက်နှက်ခဲ့တာကြောင့် ကလေးကို ဆေးရုံတင်ခဲ့ရတဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆရာမဟာ ကလေးငယ်ကို ခေါင်းကို တုတ်နဲ့ရိုက်တဲ့အပြင် ခြေထောက်နဲ့ကန်တာတွေ ပြုလုပ်ခဲ့တာကြောင့် ကျောင်းက အပြန်မှာကလေးငယ်ဟာ မူးဝေနေတဲ့အတွက် သူငယ်ချင်းတွေက အိမ်ကိုလိုက်ပို့ခဲ့ရပြီး ကလေးငယ်ဟာ အိမ်မှာလည်း အစာမစားနိုင် ဖြစ်နေတဲ့တာကြောင့် ခိုလမ်မြို့၊ ကုတင်၈၀ စစ်ဆေးရုံကို အောက် တိုဘာ ၁၀ရက်မှာ တက်ရောက်ကုသမှုခံယူခဲ့ရပြီး လက်ရှိအချိန်မှာတော့ ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေက သက်သာကောင်းမွန်နေတယ်လို့ သိရပါတယ်။

ကျောင်းသူကလေးငယ်ရဲ့မိဘနှစ်ပါးဟာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေသူတွေဖြစ်ကြပြီး သူတို့သမီးငယ်သတင်းကြောင့် ထိုင်းနိုင်ငံကနေ ပြန်လာဖို့စီစဥ်နေပြီး သူတို့သမီးငယ်ကို ဒဏ်ရာရရှိတဲ့အထိ ရိုက်နှက်ခဲ့တဲ့ဆရာမကို ထိုင်းနိုင်ငံကနေ ပြန်ရောက်ချိန်မှာ အမှုဖွင့်/မဖွင့် ဆုံးဖြတ်သွားမယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *