မိုင်းဖုန်းဆရာတော်ကြီးကို ထိုင်းဘုရင်နဲ့မိဖုရားတို့ လာရောက်ဖူးမျှော်

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ မိုင်းဖုန်းဆရာတော်ကြီး သီတင်းသုံးတော်မူနေချိန် လာရောက်ဖူးမျှော်ခဲ့တာဖြစ်

ထိုင်းဘုရင်နဲ့ ကြင်ယာတော်တို့က ဆရာတော်ကြီးကို လှူဘွယ်ပစ္စည်းတွေ ကပ်လှူနေပုံ

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ သီတင်းသုံးတော်မူနေတဲ့ မိုင်းဖုန်းဆရာတော်ကြီးဘဒ္ဒန္တ ဉာဏသံဝရကို မတ်လ၃၀ရက်နေ့က ထိုင်းဘုရင်မင်းမြတ် မဟာဝဇီယာလောင်ကွန်းနဲ့ မိ ဖုရားတို့ လာရောက်ဖူးမျှော်ကန်တော့ခဲ့တယ်လို့ ထိုင်းနိုင် ငံရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးကလည်း လာရောက်ဖူးမျှော်တဲ့ ထိုင်းဘုရင်နဲ့မိဖုရားတို့ကို ဗုဒ္ဓဆင်းတုတော်တွေ ချီးမြှင့်ပေးခဲ့အပ်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးဟာ ၂၀၁၈ခုနှစ်က ချင်းရိုင်ခရိုင်မှာရှိတဲ့ လိုဏ်ဂူထဲပိတ်မိနေတဲ့ တောဝက်ဘောလုံးအ သင်းကို အသက်ရှင်လျှက် ပြန်လည်ကယ်ဆယ်နိုင်ဖို့အတွက် ကြွရောက်ပြီး မေတ္တာပို့ဆုတောင်းပေးခဲ့ပါသေးတယ်။

မိုင်းဖုန်းဆရာတော်ကြီးဟာ ဂူအောင်း အဓိဌာန်ဝင်တရား

ကျင့်ကြံပြီး ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့မှာ အပူဇော်ခံကြွရောက် သီတင်းလျှက်ရှိပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *