မိုင်းခွဲခံထားရသောကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ်မှတံတား ပြုပြင်ပြီး ယနေ့ ဘုရားဖူး တောင်တက်ကားလမ်းပြန်ဖွင့်

မိုင်းခွဲခံထားရသောကျိုက်ထီးရိုးစေတီတော်ရှိရာ တောင်ပေါ်သို့တက်သည့် ကားလမ်းပေါ်မှတံတား ပြုပြင်ပြီးဖြစ်၍ ယနေ့တွင် ဘုရားဖူး တောင်တက်ကားလမ်းပြန်ဖွင့်ပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းရှိ လေးဖာတောတံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

လေးဖာတောတံတားမှာ ကျိုက်ထီးရိုး-ကင်မွန်းစခန်းတောင်တက်လမ်းပိုင်းဖြစ်ပြီး မိုင်းခွဲဖျက်ဆီးခံခဲ့ရ သောကြောင့် ကားသွားလာ၍ မရသည်ထိ လုံးဝ ပျက်စီးသွားခဲ့ခြင်းလည်းဖြစ်သည်။

တံတားမှာ ပေ ၇၀ ခန့်ရှည်ပြီး အကျယ် ၁၄ ပေခန့်ရှိကာ မိုင်းခွဲခံရသောကြောင့် တံတားတွင် ၆ ပေကျော်အပေါက်ကြီး ဖြစ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ကျိုက်ထီးရိုးဘုရားတောင်တက်ကားလမ်းပေါ်က တံတားကို ဖောက်ခွဲခဲ့သူ (၃) ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း ကျိုက်ထီးရိုး၏ ကင်မွန်းစခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဘုရားဖူးလာရောက်သူ ၃ ဦး ေ-ဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *