မိုချာ မုန်တိုင်းဝင်ရောက်နိုင်တဲ့ စစ်တွေ မှာမုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

မိုချာ မုန်တိုင်းဝင်ရောက်နိုင်တဲ့ စစ်တွေ မှာ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို မေလ၁၁ ရက် နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ်၊ကျေးတော ပိုက်ဆိပ်ကျေး ရွာမှာ ပြုလုပ်ခဲ့ပါတယ်။

လေ့ကျင့်ရာမှာ Cyclone Shelter (မုန် တိုင်းခိုလှုံရိပ်သာ)ဝင်းအတွင်း လက်တွေ့ သရုပ်ပြကြခြင်း၊မုန်တိုင်းအခြေအနေကို အလံတွေနဲ့ အရောင်ခွဲပြီး အသိပေးခြင်း၊ လိမ္မော်ရောင်ဆိုရင် မုန်တိုင်းတိုက်ဖို့ အ ခြေအနေရှိတဲ့အတွက် ကြိုတင်ပြင်ဆင် ထားဖို့ သတိပေးခြင်း၊အနီရောင်ဆိုရင် မ ကြာမီ နေ့တစ်ဝက်အတွင်း မုန်တိုင်း ဖြတ် မယ်၊ ဘေးလွတ်ရာ ရှောင်ဖို့ လိုအပ်ခြင်း၊

အညိုရောင်ဆိုရင် လုံခြုံတဲ့နေရာမှာ နေပါ။ အပြင်မထွက်နဲ့ မုန်တိုင်းဖြတ်နေခြင်း၊ အ စိမ်းရောင်အလံလွှင့်ရင် မုန်တိုင်း တိုက် ပြီးပြီ ကယ်ဆယ်ရေး ရှာဖွေရေး အပျက် အစီး စာရင်းတွေကောက်ပြီလို့ မှတ်သား ထား သင့်ခြင်း စတာတွေ ပါဝင်ခဲ့ပါတယ်။

လေ့ကျင့်ရာကိုရောက်လာတဲ့ ရခိုင်ပြည် နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက “ ကြိုတင် ဇာတ်တိုက်ထားတာ ကောင်းတယ်။အခုလို ပါဝင်သရုပ်ပြတဲ့အဖွဲ့တွေ အထူးသဖြင့် အမှုထမ်း ဝန်ထမ်းတွေဟာ တကယ်ဖြစ်ရင် တကယ်ဘဲ ပြည်သူတွေနဲ့ တစ်သား တည်းရှိတယ်ဆိုတာ မြင်ချင်ပါတယ်။ for show မဟုတ်ဘဲ for service ဖြစ်ကြဖို့ လိုအပ်တယ်´´လို့ ပြောကြားခဲ့ပါတယ်။

မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ရာကို ရခိုင် ပြည် နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ် ဦးနဲ့တာဝန်ရှိသူတွေ လာရောက်ကြည့်ရှု အားပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *