အင်အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်းမိခါမုန်တိုင်းထိခိုက်ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား ထိုင်းဘုရင်မင်းမြတ် နှင့် မိဖုရားကြီး တို့က အိပ်ယာတဲ၊စောင်၊မျက်နှာသုတ်ပါဝါ၊အိမ်သုံးဆေးဝါး၊အစာခြောက်များ ကို မေလ ၂၃ ရက်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။



အဆိုပါ အလှူပစ္စည်းများကို ထိုင်းတော်ဝင်လေတပ် အထူးလေယာဉ် နှစ်စင်းဖြင့် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ ယင်းမှာ လူသားချင်းစာနာထောက်ထားမှု အကူညီများဖြင့် မရှိမဖြစ်လိုအပ်သော အသုံးဆောင်ပစ္စည်းများဖြစ်ကြောင်း သိရသည်








