မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ကို အိန္ဒိယနိုင်ငံက ထောက်ပံ့ကူညီမယ့် ပစ္စည်းတွေ ရောက်ရှိလာ

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်က ပြည်သူတွေကို အိန္ဒိယနိုင်ငံက ထောက်ပံ့ ကူညီမယ့်ပစ္စည်းတွေဟာ မေလ၁၈ရက်က ရန်ကုန်ဆိပ်ကမ်းကိုရောက်ရှိလာပြီး မြန် မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Vinay Kumar က ရန်ကုန်တိုင်းဒေ သကြီး ဝန်ကြီးချုပ်ဆီကို လွှဲပြောင်းပေး အပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မိုခါမုန်တိုင်းဒဏ်ခံစား ခဲ့ရသည့် မြန်မာပြည်သူတွေအတွက် လူသား ချင်းစာနာထောက်ထားမှု အကူအညီအနေနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး ဆိုင်ရာပစ္စည်းတွေကို ကရုဏာမစ်ရှင် အစီအစဉ်အနေနဲ့ လွှဲပြောင်းပေးအပ်ခဲ့တာ လို့ သိရပါတယ်။

အိန္ဒိယရေတပ်သငေ်္ဘာတွေဖြစ်တဲ့ INS Shivalik၊ INS Kamorta နှင့် INS Savitri တို့ဟာ လူသားချင်းစာနာထောက်ထားမှု အ ကူအညီအနေနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများဖြစ်တဲ့ အရေးပေါ်အစားအစာ၊ မိုးကာတဲများ၊ ရွှေ့ ပြောင်းရလွယ်တဲ့မီးစက်များ၊ အဝတ်အ ထည်များ၊ ရေစုပ်စက်များ၊ ဆေးဝါးများ၊ တာပေါ်လင်စများ၊ တစ်ကိုယ်ရည်သုံး ကျန်းမာရေး ပစ္စည်းများ၊ ဘီးတပ်ထိုင် ခုံများနဲ့နှာခေါင်းစီးများအပါအဝင် စုစု ပေါင်းတန်ချိန်(၄၀)တန်ကို တင်ဆောင်လာ ခဲ့တာလို့ သိရပါတယ်။

နောက်ထပ်လည်း အိန္ဒိယရေတပ် သ‌ငေ်္ဘာINS Gharialဟာ လူသားချင်းစာ နာထောက်ထားမှုအ ကူအညီအနေနဲ့ သဘာ ဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းတွေအပြင် အရေးပေါ်ဆေးဝါး များနဲ့ ဆေးသေတ္တာများကို မေလ ၁၉ ရက်နေ့ မှာ အိနိ္ဒယနိုင်ငံကနေ တင်ဆောင်လာမှာ

ဖြစ်ပြီး ပစ္စည်းများအားလုံးကို ရခိုင်ပြည် နယ်ကို ချက်ခြင်းပေးပို့သွားမှာဖြစ်ပြီး မုန်တိုင်းဒဏ်ထိခိုက်ခံစားရတဲ့ လူမှုအ သိုင်းအဝန်းများကို ဖြန့်ဖြူးပေးသွားမှာလို့ သိရပါတယ်။

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *