မိုခါမုန်တိုင်းဒဏ်သင့် ဒေသတွေအတွက် ထိုင်းနိုင်ငံကကူညီကယ်ဆယ်ရေးပစ္စည်း များ ထောက်ပံ့ပေးအပ်

မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်သင့် ဒေသတွေကိုကူညီပေးဖို့အတွကိ ထိုင်းနိုင်ငံက ကူညီကယ်ဆယ်ရေးပစ္စည်းများကို မေလ၂၂ရက်နေ့ကထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီဆီကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့မြန်မာသံရုံးကသတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်း မိုခါသဘာဝ ဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် H.M. King Maha Vajiralongkorn Phra Vajiraklaochaoyu-hua၊ မိဖုရား Suthida Bajrasudhabim-alalakshana နှင့် တော်ဝင်မိသားစုတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ပေးအပ်ခြင်းဆိုင်ရာအခမ်းအနားကို မတ်လ၂၂ရက်နေ့က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ ၊ အမှတ် (၆) လေတပ်ဌာနချုပ် ( Wings -6) အဆောက်အဦးမှ ကျင်းပခဲ့ပြီး ထိုင်းဘုရင်နဲ့မိဖုရားတို့ကိုယ်စား ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီမှ ကောင်စီအဖွဲ့ဝင် H.E. Mr. Chirayu Isarangkun Na Ayuthayကထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေ ဆီကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ထောက်ပံ့တဲ့ပစ္စည်းတွေကတော့

(က) Canned Mackerel (Roza)- 155 g * 10ea

(ခ) Instant Noodles (Mama Cup Tom Yum Kung)- 60 g * 6ea

(ဂ) Instant Noodles (Mama Cup Creamy Tom Yum Kung)- 60 g* 6ea

(ဃ) Instant Noodles (Jaya Beef)- 5 Packs

(င) Potato Chips (Tasto)- 69 g

(စ) Cream Wafers (Bitee Orange Flavor) – 100g

(ဆ) Cream Wafers (Bitee Coconut Flavor

(ဇ) Cream Wafers (Bitee Coconut Flavor) – 100g

(ဈ) Cream Wafers (Bitee Chocolate Flavor) – 100g

(ည) Sanitary Pads (Laurier Gentle Plus) – 25cm x 14ea

(ဋ) Instant Noodles (132 boxes)

(ဌ) Canned Fish (36 boxes)

(ဍ) Snacks (Potato Chips and Wafers) (188 boxes)

အလားတူ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာကလည်း ထိုင်းအစိုးရအဖွဲ့နဲ့ထိုင်းနိုင်ငံကအလှူှရှင်တွေ ထောက်ပံ့လှူဒါန်းတဲ့ စတာလင်ပေါင် ၃၇၀၆၆.၉၈ ပေါင် တန်ဖိုးရှိ ပစ္စည်းအလေးချိန် ၁၆.၅၅ တန်ကို မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အစိုးရအိမ်တော်၊ The Thai-Khu-Fah အဆောက်အဦ၊ Hong Si Muang ခန်းမမှာ ပေးအပ်ခဲ့ရာမြန်မာသံအမတ်ကြီး ဦးချစ်ဆွေက သွားရောက်လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *