မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ယူနန်ပြည်နယ်အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းက လှူဒါန်းတဲ့ မြန်မာကျပ်ငွေ သိန်းလေးရာကျော်တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို မေလ၁၂ရက်နေ့က အသင်းတာဝန်ရှိသူတွေက ကူမင်းမြို့ရှိမြန်မာကောင်စစ်ဝန်ချုပ်ရုံးကို လာရောက်လှူဒါန်းခဲ့ပါတယ်။
အဲ့ဒီထောက်ပံ့ရေးပစ္စည်းတွေကို ရွှေလီမြို့ကတဆင့် မူဆယ်မြို့မန်းဝန်ဂိတ်က လက်ခံရယူခဲ့ပြီး ရခိုင်ပြည်နယ်ကို ပေးပို့သွားမှာလို့ သိရပါတယ်။
ထောက်ပံ့ရေးပစ္စည်းတွေကတော့ ယားနာပျောက်ဆေးဘူး ၄၀၀၊ တရုတ်အားဆေးဘူး ၄၀၀၊ လိမ်းဆေးဘူး ၂၅၀၊ အကိုက်အခဲပျောက်ဆေးဘူး ၂၅၀၊ အဖျားပျောက်ဆေးဘူး ၂၄၀၊ ကယ်ဆယ်ရေး အရေးပေါ်အိတ် ၅၀၊ကြက်မှိုခေါက်ဆွဲ အထုပ် ၄၀၀နဲ့အရေးပေါ်ကယ်ဆယ်ရေး ရွက်ဖျင်တဲ ၂၀တို့ဖြစ်ကြပါတယ်။
အလားတူ မေလ၁၆ရက်နေ့ကလည်း POWERCHINA RESOURCES LIMITEDကမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှတစ်ဆင့် မြန်မာနိုင်ငံကို အလှူငွေကျပ် သိန်း ၅၀၀နဲ့ဆန်၊ စားသုံးဆီစတဲ့ပစ္စည်းများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။



