မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ စစ်တွေမြို့ လျှပ်စစ်မီးပြန်လည်ရရှိ

မိုခါမုန်တိုင်းဒဏ်ကြောင့် လျှပ်စစ် ဓာတ် အားတွေ ပြတ်တောက်ခဲ့ရတဲ့ စစ်တွေမြို့မှာ ဇွန်လ၇ရက်ည ၈နာ ရီ၂၀မိနစ်မှာ လျှပ် စစ်မီး ပြန်လည်ရရှိပြီလို့ လျှပ်စစ်ဓာတ် အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနကနေ သိပါတယ်။

စစ်တွေမြို့မှာ လျှပ်စစ်မီးပြန်လည်ရရှိခဲ့ ရတဲ့အကြောင်းအရင်းကတော့ မိုခါမုန်တိုင်း တိုက်ခတ်မှု ကြောင့် ပြိုလဲပျက်စီးသွားခဲ့ရတဲ့ မဟာပင်မဓာတ်အားလိုင်းနဲ့ပင်မဓာတ်အားခွဲရုံတွေကို လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနက လျှပ် စစ်ဝန်ထမ်းတွေဟာ မိုးဒဏ်၊ လေဒဏ်၊ နေဒဏ်ကြား ရွံ့နွံထဲမှာ တပင်တပန်း နေ့ညမရွေး ကြိုးစားပြုပြင်ခဲ့တာတွေပြီးစီး သွားပြီဖြစ်လို့ သိရပါတယ်။

စစ်တွေမြို့မှာ လျှပ်စစ်ဓာတ်အားရရှိပြီး နောက်ပိုင်း လျှပ်စစ်ဓာတ်အား မရသေးတဲ့ ကျန်မြို့နယ်တွေကိုလည်း လျှပ်စစ်ဓာတ် အားအမြန်ဆုံးရရှိစေရေး ကြိုးပမ်းဆောင် ရွက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *