မိုခါမုန်တိုင်းကို ရင်ဆိုင်ကြရမယ့် ရခိုင်ပြည်သူတွေအတွက် ထိန်းချုပ်ညွှန်ကြားရေးစခန်းစတင်ဖွင့်

အားကောင်းလွန်းလှတဲ့မိုခါမုန်တိုင်းကို မနက်ဖြန်၂၀၂၃မေလ၁၄ရက်နေ့လယ်က စလို့ ရခိုင်ပြည်သူတွေ ရင်ဆိုင်ကြရတော့မှာဖြစ်ပါတယ်။

ဒီကနေ့ကနေစပြီး ပြည်နယ်မြို့တော်စစ်တွေရဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာCommand post ထိန်းချုပ်ညွှန်ကြားရေးစခန်းကို အလှည့်ကျ ၂၄ နာရီတာဝန်ထမ်းဆောင်မှုနဲ့ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ပုံမှာတွေ့ရတာ ဒီကနေ့ ၂၀၂၃မေလ၁၃ရက် ညနေ ၅ နာရီ စစ်တွေကမ်းခြေအနေအထားပါ။

တစ်ဖက်မှာလည်း မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်မယ့် ရခိုင်ပြည်နယ်တွင်းက မြို့နယ်တချို့မှာ ဒေသခံတွေ မုန်တိုင်းရှောင်နိုင်ဖို့ ရက္ခိုင့်တပ်တော်အေအေက ကူညီပေးနေတာတွေ့ရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *