မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်မှာ သေဆုံးအရေအတွက် တိုးလာ

မိုခါဆိုင်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ ရခိုင်ပြည် နယ်အတွင်းက မြို့နယ်တွေမှာ သေဆုံးခဲ့ သူအရေအတွက် စာရင်းတိုးလာနေတယ်လို့ လူမှုကူညီရေးဆောင်ရွက်သူတွေဆီက သိရပါတယ်။

နစကရဲ့ မေလ၁၅ရက်နေ့အထိ သတင်း ထုတ်ပြန်ချက်အရကတော့ မိုခါဆိုင်က လုန်းမုန်တိုင်းတိုက်ခတ်မှု ကြောင့် တိုင်း ဒေသကြီး/ပြည်နယ်တွေမှာ သေဆုံးသူ၂၁ယောက်ရှိခဲ့ပြီး ရပ်ကွက်/ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိက အဆောက်အအုံ ၇၃ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၄၇ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက် သွယ်ရေးတာဝါတိုင် ၁ ခု၊ ဓာတ်မီးတိုင် ၁၁၉တိုင်၊ ထရန် စဖော်မာ ငါးခု၊ ဈေး တစ်ခု၊ လေဆိပ်နှစ်ခု၊ ဌာနဆိုင်ရာ အဆောက်အ အုံ ၁၁၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လောလောဆယ်အခြေအနေမှာတော့ ရခိုင် ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် သေဆုံးအရေအတွက် တိုးလာနေပြီး သေ ဆုံးသူအရေအတွက်စာရင်း အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *