မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေမှာ သုံးစွဲဖို့အတွက် တရုတ်နိုင်ငံ The Buddhist Association of Yunnan Provinceက တရုတ်ယွမ်(၆.၁)သိန်းကို ဇွန်လ၁ရက်နေ့က တရုတ်နိုင်ငံ၊ကူမင်းမြို့၊Yuan Tong ဘုရားကျောင်းမှာ လှူဒါန်းခဲ့ရာမြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က လက်ခံယူခဲ့ပါတယ်။
တရုတ်နိုင်ငံ The Buddhist Association of Yunnan Provinceအနေနဲ့ အလှူငွေများကို မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းတိုက်ခိုက်မှုကြောင့်မြန်မာနိုင်ငံအတွင်း ဘေးသင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းဒဏ်သင့်ဒေသများမှာ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာ အထောက်အကူပြုနိုင်ရေး ရည်ရွယ်ပြီ လှူဒါန်းခဲ့တာလို့ သိရပါတယ်။

