ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့ပြီး အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း “မိုခါ”တိုက်ခိုက်မှုကြောင့် မေလ ၁၉ရက်နေ့မွန်းလွဲပိုင်းအထိ ကောက်ယူရ ရှိခဲ့တဲ့စာရင်းများအရ ရခိုင်ပြည်နယ်မှာ သေဆုံးသူ၁၄၅ဦး အထိရှိလာတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနေတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါ တယ်။


“ပျက်စီးဆုံးရှုံးမှုစာရင်းနဲ့အသေအပျောက်စာရင်းတွေကို မြေပြင်အခြေအနေမှာ ဆက်လက်ကောက်ယူနေဆဲပါ´´ လို့ တာ ဝန်ရှိသူတစ်ယောက်က ပြောပါတယ်။


မိုခါကြောင့် ရခိုင်ပြည်နယ်မှာ ပြည်သူတွေ ရာနဲ့ချီပြီး သေဆုံးခဲ့တဲ့အပြင် လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၄၀ လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
