မိုက် တိုင်ဆန်နဲ့ ဂျိတ် ပေါ တို့ပွဲ  ရွှေ့ဆိုင်းဖို့ရှိနေ

လတ်စ်ဗီဂတ်၊ ဇွန်၂

လက်ဝှေ့ကျော် မိုက် တိုင်ဆန်နဲ့  ဂျိတ် ပေါ တို့ ထိုးသတ်ဖို့ ပွဲတည်ထားတဲ့ ရက်ကို မိုက် တိုင်ဆန်ရဲ့ အစာအိမ် ဝေဒနာ မသက်သာလို့ တည်ထားတဲ့ ဇူလိုင် ၂၀ ပွဲရက်ကို ရွှေဆိုင်းဖို့ မိုက် တိုင်ဆန်ဘက်က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

အသက် ၅၇နှစ်အရွယ် တိုင်ဆန်ဟာ   လေ့ကျင့်မှုအပြည့် ပြန်မလုပ်နိုင်သေးပေမယ့် လတ်တလော ပြန်လည်သက်သာလာလို့  လာမယ့် ရက်သတ္တပတ်တွေထဲ အပေါ့စား လေ့ကျင့်မှုတွေ ပြန်လုပ်နိုင်လိမ့်မယ်လို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက အကြံပြုထားတယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်ပွဲကို အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်က လူ ၈၀၀၀၀ ဆန်တဲ့  AT&T အားကစားကွင်းကြီးမှာ ထိုးသတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

“ကျွန်တော့်ခန္ဓာကိုယ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ရှိခဲ့တဲ့ပုံစံထက် ပိုကောင်းတဲ့ပုံစံဖြစ်ပြီး မကြာခင်မှာ ကျွန်တော့်ရဲ့ လေ့ကျင့်ရေးအချိန်ဇယားအတိုင်း ပြန်ဖြစ်လာမှာပါ” မိုက် တိုင်ဆန်က မီဒီယာတွေကို ပြောပါတယ်။

မိုက် တိုင်ဆန်ဟာ သူ့ ကစားသမားသက်တမ်းမှာ ၄၄ပွဲ အလဲထိုး စံချိန်တင်ထားနိုင်သလို လက်ဝှေ့သမိုင်းမှာ ကြောက်စရာအကောင်းဆုံး ဖိုက်တာ တစ်ယောက် အဖြစ် စံချိန်တင်ထားတဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ၂၀၀၅ခုနှစ်ကတည်းက ပွဲဝေးနေခဲ့တာလည်း ဖြစ်ပါတယ်။

ဂျိတ် ပေါ ကတော့ အသက် ၃၀သာရှိသေးပြီး ကမ္ဘာ့အဆင့်မဟုတ်ပေမယ့် ချံပီယံတစ်ယောက်တော့ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ပေါ ဟာ ယူကျူဘာ တတစ်ယောက် ဖြစ်သလို သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ မိုက် တိုင်ဆန်နဲ့  ဂျိတ် ပေါ

Feature Image Credit: REUTERS/David ‘Dee’ Delgado/

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *