မိသားစုလေးဦး စီးနင်းလာသည့် မော်တော်ယာဉ်တိမ်းမှောက်၍လိုက်ပါလာသူအားလုံးအပြင်သို့ လွင့်စင်ကာ ၅နှစ်အရွယ်ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံး

မိသားစုလေးဦး စီးနင်းလာသည့် မော်တော်ယာဉ်တိမ်းမှောက်၍လိုက်ပါလာသူအားလုံးအပြင်သို့ လွင့်စင်ကာ ၅နှစ်အရွယ်ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံးမှုတစ်ခု မန္တလေးတိုင်းဒေသကြီး အတွင်း ဇွန်လ ၁၈ ရက် ည ပိုင်းက ဖြစ်ပွားခဲ့သည်။

အဆိုပါမိသားစုလိုက်စီးလာသည့် အိမ်စီးယာဉ်သည် အမရပူရမြို့မှ ထွက်ခွာခဲ့မောင်းနှင်စဉ် စစ်ကိုင်း-မန္တလေးသွားလမ်းရှိ ကန်ပတ်လမ်းအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကားပက်လက်လန်ကာတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အိမ်စီးမော်တော်ယာဉ်အတွင်း ပါလာသည့် အသက် ၃၈ နှစ်အရွယ် ဖခင်ဖြစ်သူနှင့် အသက် ၅ နှစ်အရွယ် သားဖြစ်သူတို့ သေဆုံးသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အသက် ၃ နှစ်အရွယ် သားငယ်ဖြစ်သူ ဦးခေါင်းကွဲ ဒဏ်ရာ နှင့် မိခင်တွင် ခါးရိုး၊ပေါင်ရိုး၊နံရိုး နှင့် လက် တို့ ကျိုးသွားသည့် ဒဏ်ရာများ ရရှိခဲ့ကြကြောင်း၊သီရိဆင်ကာပရဟိတလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Photo – သီရိဆင်ကာပရဟိတလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *