မိမိတို့လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲအထိ တရုတ် လေတပ် လေယာဉ် ၂၈ စင်း ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဌာနက ပြောဆို

တိုင်ပေ ၊ စက်တင်ဘာ ၁၃

တင်းမာမှုတွေ မြင့်တက်နေတဲ့ကြားက  တရုတ်လေတပ် လေယာဉ် ၂၈ စင်းကို မိမိတို့ လေကြောင်းရန်ကာကွယ် ရေး ဇုန်ထဲ မှာ တွေလိုက်ရတယ်လို့  ထိုင်ပေ ကာကွယ်ရေး ဝန်ကြီးဌာနက  စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း မှာပြောပါတယ်။

တရုတ်ကလည်း သူ့ပိုင်နက်အဖြစ် ယူဆထားတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို တရုတ်အချုပ်အခြာ အာဏာ အဖြစ် သတ်မှတ်ထားတာမို့ မကြာသေးတဲ့နှစ်တွေအတွင်း  ကျွန်းအနားမှာ တရုတ်စစ်တပ်က စစ်ရေးပြင် ဆင်မှုတွေ အရှိန် မြှင့် လုပ်ဆောင်လာပါတယ်။

ဒေသစံတော်ချိန် မနက် ၆ နာရီဝန်းကျင်က စပြီး J-10 တိုက်လေယာဉ်တွေအပါအဝင် တရုတ်စစ်လေယာဉ်တွေ ထိုင်ဝမ် ကျွန်း ရဲ့  လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် တစ်နည်း ADIZ အနောက်တောင်ဘက်ထောင့်ကို ပျံသန်းခဲ့တဲ့အ ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက တရုတ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းနဲ့  စစ်ရေးလေ့ကျင့်ဖို့ တရုတ်လေယာဉ်တွေဟာ အခုလို ဖြတ်ကျော်လာခဲ့တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။

ဒီ အဖြစ်ပျက်နဲ့ ပတ်သက်ပြီး တရုတ်ဘက်ကတော့ ဘာမှ တုံ့ပြန်ပြောဆိုတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

Ref:Reuters

ပုံစာအညွှန်း။ ထိုင်ဝမ်ရေတပ်သင်္ဘော Keelung၊(ရှေ့ဘက်) တရုတ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်း( အဝေးပုံ) ကို ၂၀၂၃ စက်တင်ဘာလထဲ ထိုင်ဝမ်ရေပိုင်နက်ဝန်းကျင်မှာ တွေ့ခဲ့ရပုံ

Feature Image Credit: AP

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *