မိဘများကို သနား၍ စာပိုကြိုးစားသူ ဝိဇ္ဇာဘာသာတွဲဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိခဲ့

စနစ်ဟောင်း၏နောက်ဆုံးနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ဝိဇ္ဇာဘာသာတွဲဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူ၏ ၅ နှစ်စာ ပညာသင်စရိတ်ကို သက်ဆိုင်ရာက စီမံထားပြီးဖြစ်ကြောင်း သိရသည်

(ဝိဇ္ဇာဘာသာတွဲ) ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူမှာ မထိုက်သူလင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောက်တဲ့ရိုး အ.ထ.က မှ ဖြစ်ကြောင်း ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိဇ္ဇာဘာသာတွဲတွင် ရမှတ်ပေါင်း ၅၁၃ မှတ်ဖြင့် အမှတ်အများဆုံး ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသူလေး မထိုက်သူလင်း နံနက်တိုင်း စောစောထ၍ စာကျက်လေ့ရှိသူ၊ လျှပ်စစ်မီးမရှိသည့်အတွက် LED မီးသီးထွန်း၍ ကျက်ခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

သူက အလုပ်မအားသည့် မိဘများကို သနား၍ ကျောင်းစာကို ပိုပြီးကြိုးစားခဲ့ကြောင်း၊ဆရာ၊ဆရာမများကလည်း စာကြိုးစားသူ ဖြစ်သောကြောင့် ကူညီခဲ့ကြကြောင်းနှင့် ၎င်းအား The Whole Burma First ရစေချင်ကြကြောင်းလည်း သိရသည်။

“အားလုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ပျော်ပါတယ်” ဟု မထိုက်သူလင်းက နိုင်ငံပိုင်မီဒီယာတွင် ဖြေကြားထားသည်။

မထိုက်သူလင်း၏ ဆန္ဒမှာ ကျောင်းဆရာမ တစ်ဦး ဖြစ်လိုကြောင်း သိရသည်။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *