နိုင်ငံဖြတ်ကျော် Sexy Chat ပြစ်မှုကျူးလွန်မှု အဖွဲ့၏ အရေးကြီးသော အကြီးအကဲကို မြန်မာ၌ ဖမ်းဆီးရမိခဲ့သည်ဟု တရုတ်သတင်းဌာနက ဖော်ပြသည်။
ဖမ်းမိသူအား လက်ရှိတွင် တရုတ်ပြည်သို့ ပြန်ပို့လိုက်ပြီဟုသိရသည်။
ဖြစ်စဉ်မှာ နိုင်ငံဖြတ်ကျော် Sexy Chat ပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း ပြစ်မှုကျူးလွန်မှုကို ဥပဒေနှင့်အညီ တိုက်ဖျက်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ် ပြီး ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ မြန်မာ သက်ဆိုင်ရာ ဥပဒေစိုးမိုးရေး ဌာန၏ အကူအညီဖြင့် ထိုသူကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊၄င်းသည် Sexy Chat ပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း ပြစ်မှု များ ကျူးလွန်သော အဖွဲ့၏ အရေးကြီးသည့် အကြီးအကဲ Sun ဖြစ်ကြောင်း ဖော်ပြချက်များအရသိရသည်။
ယခုဖမ်းမိသူသည် တရုတ်ပြည်က မိန်းခလေးများအား ပြစ်မှတ်ထားကာ လုပ်ဆောင်သူဟုသိရသည်။



