မိတ္ထီလာ-မလှိုင်ကားလမ်းမှာ ကားနဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်

■ဆိုင်ကယ်စီးလာတဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦး သေ ဆုံး

Photo- ဝန်ဇင်းလူငယ်

မန္တလေးတိုင်းဒေသကြီး၊မိတ္တီလာမြို့နယ်၊မိတ္ထီလာ- မ လှိုင်ကားလမ်း၊ထွန်းညိုလူစစ်ဆေးရေးဂိတ်အကျော်မှာ ဖေဖော် ဝါရီလ၂၈ရက်မနက်(၁၁)နာရီကျော်က မိတ္တီလာမြို့က မ လှိုင်မြို့ကို မောင်းနှင်လာတဲ့ကားနဲ့မလှိုင်မြို့က မိတ္တီလာမြို့ဘက်ကို မောင်းနှင်လာတဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်စဥ်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အသက် (၂၀)ကျော်ခန့်အမျိုးသားမှာ ရရှိခဲ့တဲ့ဒဏ်ရာများနဲ့ အ ခင်းဖြစ်နေရာမှာ သေဆုံးခဲ့ ပြီးဆိုင်ကယ်နောက်က လိုက်ပါစီးလာတဲ့ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးမှာထိခိုက်ဒဏ် ရာများရရှိခဲ့တာကြောင့် သေဆုံးသူရဲ့ရုပ်အေလာင်းနဲ့ထိခိုက်ဒဏ်ရာရရှိသူတို့ကို ဝန်ဇင်းလူ ငယ်လူမှုကူညီရေး၊ပြည်သာ ယာလူငယ်လူမှုကူညီရေးအသင်းတို့က မော်တော်ယာဉ်များနဲ့ မိတ္တီလာပြည်သူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့အမျိုးသားမှာ အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး မလှိုင်မြို့နေသူဖြစ်တယ်လို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *