မိတ္ထီလာမှာ ၉တန်းကျောင်းသားတစ်ဦး ချွန်ထက်တဲ့အရာနဲ့ထိုးခံရလို့ သေဆုံးသွားခဲ့

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့၊ပြည်သာယာမြောက်ရပ်ကွက်၊အမှတ် (၁၅၁)စာသင်ကျောင်းမှာ ဇန် နဝါရီလ၁၈ ရက်မနက်ပိုင်းက ကျောင်းသားချင်း ရန် ဖြစ်ရာကနေ ချွန်ထက်တဲ့အရာနဲ့ ထိုးခံရလို့ ၉တန်းကျောင်းသားတစ်ဦး သေ ဆုံးသွားခဲ့ရတဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo- ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း

ဖြစ်စဥ်မှာ ဇန်နဝါရီလ၁၈ ရက်မနက်ပိုင်းက မိတ္ထီလာမြို့၊ပြည်သာယာမြောက်ရပ်ကွက်၊အမှတ်(၁၅၁)စာသင် ကျောင်းမှာ ကျောင်းသားချင်း ရန်ဖြစ်ရာကနေ ၁၉နှစ်အရွယ်၉တန်းကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ပြည်သာယာလူ ငယ် လူမှုကူညီရေးအ သင်းက မော်တော်ယာဥ်နဲ့ သွားရောက်သယ်ဆောင်ပြီး မိတ္ထီလာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တဲ့အတွက် ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *