မိတ္ထီလာမြို့နယ်မှာ ခြံစည်းရိုးအုတ် တိုင်ပိမိပြီး အသက်၇နှစ်အရွယ်ကလေး တစ်ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့ နယ်၊တောမကျေးရွာမှာ သြဂုတ်လ၄ရက် နေ့ ညနေ ၆နာရီကျော်က လူမနေတဲ့ ခြံဝန်း ထဲက ခြံစည်းရိုးအုတ်တိုင်ပိမိပြီး အသက် ၇နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ၄ရက်နေ့ ညနေ ၆ နာရီကျော်က မိတ္ထီလာမြို့နယ်၊ တောမ ကျေးရွာမှာ အသက်၇နှစ်အရွယ်က လေးငယ်တစ်ဦးဟာ ဘောလုံးကစားရင်း အုတ်တိုင်သံဇကာများနဲ့ကာရံထားတဲ့ လူ မနေတဲ့ခြံဝန်းထဲကို ဘောလုံးကျသွားတာကို သွားကောက်ဖို့အတွက် သံဇကာကို ဆွဲဟ ဖြဲပြီး ဝင်ရောက်ဖို့ကြိုးပမ်းခဲ့ရာ အုတ်တိုင် ပြိုင်ကျပြီး ကလေးငယ်ပေါ်ကို ပိမိသွား တာကြောင့် မျက်နှာနဲ့နောက်စိတို့မှာ

ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပါးစပ်နဲ့နှာ ခေါင်းတို့မှသွေးထွက်လာတာကြောင့် နီးစပ်ရာဆေးခန်းကို ပို့ဆောင်ခဲ့ပေမယ့် လမ်းခရီးမှာတင် သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *