မိတ္ထီလာမြို့က Relax KTVနဲ့ စားသောက် ဆိုင်မှာ မီးလောင်မှုဖြစ်ပွား

မိတ္ထီလာမြို့၊ကျီတော်ကုန်းရပ်ကွက်ထဲက Relax KTV မြန်မာစည်ဘီယာနှင့် စား သောက်ဆိုင်မှာ ဇူလိုင်၉ရက်ညနေ၆နာရီ ကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့ရတဲ့အကြောင်းအ ရင်းမှာ စားသောက်ဆိုင် ဂတ်စ်အိုးကနေ ဖြစ်ပွားခဲ့ရတာဖြစ်ပြီးလူထိခိုက်ဒဏ်ရာ ရရှိမရှိခဲ့ဘဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်တွက်ချက်နေဆဲလို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို မိတ္ထီလာမြို့က မီးသတ်တပ်ဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များနဲ့မြို့ခံများက မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များနဲ့ ပူးပေါင်းယမီးငြှိမ်း သတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *