မိတ္ထီလာကန်ဘောင် မြောက်ဘက်ခြမ်းမှာ စတုတ္ထနှစ်တက္ကသိုလ်ကျောင်းသားတစ်ဦး ဓါးနဲ့ထိုးသတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့၊နန်းတော်ကုန်းရပ် ကွက်၊မိတ္ထီလာကန်ဘောင် မြောက်ဘက်ခြမ်းမှာ အောက် တိုဘာလ၄ရက်ည၉နာရီ၄၀မိ နစ်က စတုတ္ထနှစ်တက္ကသိုလ်ကျောင်းသားတစ်ဦး ဓါးနဲ့ထိုးသတ်ခံခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဥ်မှာ အောက်တိုဘာလ၄ရက်ည၉နာရီ၄၀မိနစ်က မိတ္ထီလာမြို့၊နန်းတော်ကုန်းရပ်ကွက်၊မိတ္ထီလာကန်ဘောင် မြောက်ဘက်ခြမ်းမှာ အမျိုး သား ဓါးဒဏ်ရာများနဲ့ သေဆုံးနေတယ်လို့ သတင်းရရှိတာကြောင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာသေ ဆုံးနေသူမှာ ဝမ်းတွင်းမြို့နယ်၊ကျွတ်ကန်ကျေးရွာနေ အ သက်၂၄နှစ်အရွယ် မောင်ညီညီအောင်(စတုတ္တနှစ်သမိုင်းမိတ္တီလာတက္ကသိုလ်)ဆိုသူဖြစ်ပြီး မြို့ပေါ်စတိုးဆိုင်တစ်ဆိုင်မှာ လုပ်ကိုင်သူဖြစ်ကာ ယာရင်ဘတ်ထိုးသွင်းဒဏ်ရာ၊ဝဲဘက်ရင်အုံထိုးသွင်းဒဏ် ရာ၊ယာလက်မနှင့်လက်ညှိုးကြားပြတ်ရှဒဏ်ရာများနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူအနီးမှာ HONDA CLICK 150 အမျိုးအစား လိမ္မော်/နက်ဆိုင်ကယ်၊လက်ကိုင်ဖုန်း၊မှတ်ပုံတင်နဲ့ကျောင်း သားကတ်တို့ကို တွေ့ရှိသိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ သေဆုံးသူမောင်ညီညီအောင်မှာ သူအလုပ်လုပ်တဲ့ စတိုးဆိုင်ကနေ သူ့ရဲ့MDY79/×××××နံပါတ်ပါ HONDA CLICK150 အမျိုးအစားလိမ္မော်/နက်ဆိုင်ကယ်နဲ့ စတိုးဆိုင်ကနေ အပြင်ထွက်သွားခဲ့ရာ ည၉နာရီ၄၀မိနစ်မှာ မိတ္ထီလာကန်ဘောင် မြောက်ဘက်ခြမ်းမှာ ရုပ်အလောင်းကိုတွေ့ရှိခဲ့ရတာလို့ သိရပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ဦးလေးတော်စပ်သူဦး…(၆၅)နှစ်၊ကျွတ်ကန်ကျေးရွာ၊ဝမ်းတွင်းမြို့နယ်နေသူက တူဖြစ်သူကို အသက်သေဆုံးတဲ့အထိ ဓားနှင့်ထိုးသတ် ဖြတ်သူကို အရေးယူပေးဖို့ တိုင်တန်းခဲ့တာ​ကြောင့်မိတ္တီလာအမှတ်(၂)နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *