မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွင်းသို့ ကလေး၊လူကြီး တစ်ဦးလျှင် ၁၀၀၀ ကျပ် သတ်မှတ်လိုက် ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
လာမည့် သြဂုတ်လ ၂၀ ရက်က စ၍ လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ်။ကလေးတစ်ဦးလျှင်(ရင်ခွင်ပိုက်မပါ)၁၀၀၀ ကျပ်။ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ၁၀ ဒေါ်လာ။အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ)၅၀၀၀ ကျပ်။ အလှဓါတ်ပုံရိုက်/ Video အပါ ၅၀၀၀၀ ကျပ်။(နာရီဝက်ပိုတိုင်း-၅၀၀၀ ကျပ်)။ယာဉ်ဝင်ခွင့်(၁)စီးလျှင်(ကား Parking အထိ)၂၀၀၀၀ ကျပ်။Buggy (၁)စီးလျှင်(၄ ယောက်စီး)( ၁ )နာရီ ၁၀၀၀၀ ကျပ် အသီးသီး သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းမှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော် ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ် ပါဝင်နိုင်ရေးအတွက် သတ်မှတ်ကောက်ခံခြင်းသာ ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သြဂုတ်လ ၈ ရက်မှ သြဂုတ်လ ၁၆ ရက်ထိ အခမဲ့ဖူးမြော်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ ဩဂုတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ ရက် ထပ်မံတိုးမြှင့်လိုက်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။