နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့လာရောက်သော ဖုန်းပါသည့်ဘုရားဖူးများ ဝင်ကြေးအခမဲ့ ဖြစ်ပြီး ကင်မရာပါသည့် ဖုန်းတစ်လုံးကို ၁၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
ဈေးနှုန်းများကို အသစ်ပြန်လည် သတ်မှတ်လိုက်ခြင်း ဖြစ်ပြီး ကင်မရာပါသော ဖုန်း ၁ လုံး ကို ၁၀၀၀ ကျပ် ၊ Keypad ဖုန်းများမကို Free ၊ အပျော်ရိုက်ကင်မရာ ၅၀၀၀ ကျပ်။ ၂ နာရီစာ အလှဓာတ်ပုံရိုက်ခြင်းနှင့် Pre Wedding အပါအဝင် Video ရိုက်ကူးခြင်းအတွက် ၅၀၀၀၀ ကျပ် ဖြစ်ပြီး နာရီဝက်ပိုတိုင်း ၅,ဝဝဝကျပ် ထပ်တိုးပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင်ဥယျာဉ်တော်အတွင်းယာဉ်ရပ်နားကွင်း ယာဉ်ငယ် ၁ စီး၂၀၀၀၀ကျပ် သတ်မှတ်ကာ ဥယျာဉ်တော် အတွင်း အိမ်စီးယာဉ်ငယ်များကိုသာ ဝင်ခွင့်ပြုကာ ယာဉ်ကြီးနှင့် ဆိုင်ကယ်များ ကို ဥယျာဉ်တော်ပြင်ပတွင် ရပ်နားရန် သတ်မှတ်ထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာရေးမကောင်းသူများ ။အတွက် Buggy စီးနင်းခြင်း ကို အခမဲ့ စီးနင်းနိုင်ရန် စီစဉ်ထား ကြောင်း ယင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
သြဂုတ်လ ၁၅ ရက်က ထုတ်ပြန်ခဲ့ရာတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့လာရောက်သူများအနေဖြင့် ကလေး၊လူကြီး တစ်ဦးလျှင်(ရင်ခွင်ပိုက် မပါ) ဝင်ကြေး ၁၀၀၀ ကျပ် ၊နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ၁၀ ဒေါ်လာ။ အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ) ၅၀၀၀ ကျပ်၊ အလှဓါတ်ပုံရိုက်ခြင်း Video (Pre Wedding ) ရိုက်ခြင်း အပါ ၅၀၀၀၀ ကျပ်။(နာရီဝက်ပိုတိုင်း-၅၀၀၀ ကျပ်)၊ယာဉ်ဝင်ခွင့်(၁)စီးလျှင်(ကား Parking အထိ)၂၀၀၀၀ ကျပ်၊Buggy (၁)စီးလျှင်(၄ ယောက်စီး)( ၁ )နာရီ ၁၀၀၀၀ ကျပ် ပေးရမည်ဟု ဖော်ပြခဲ့သည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဝင်ကြေးအခမဲ့ ဖြင့် ဖူးမြော်ခွင့် ကို စက်တင်ဘာလ ၄ ရက် က စ၍ ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထား ရှိမည်ဖြစ်ကြောင်း သိရသည်။