မာဒါဂါစကာနိုင်ငံတွင် မြန်မာနိုင်ငံသား သင်္ဘောသား ၂ ဦး ထောင်ဒဏ် ၂၅ နှစ်ထိချမှတ်ခံရ

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် မာဒါဂါစကာနိုင်ငံတွင် မြန်မာနိုင်ငံသား သင်္ဘောသား ၂ ဦး ထောင်ဒဏ် ၂၅ နှစ်ထိချမှတ်ခံထားရကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအလုပ်သမားအဖွဲ့ချုပ် (MSF) ကသိရသည်။

ယင်းတို့ နှစ်ဦးမှာ မောင်ရန်နောင်စိုးနှင့် မောင်ထွန်းနောင်တို့ဖြစ်ပြီး မှောင်ခိုသင်္ဘောဖြင့် လိုက်ပါမိကြသော သင်္ဘောသားများ ဖြစ်ကြောင်းသိရသည်။

အဆိုပါ သင်္ဘောသား ၂ ဦးမှာ ပြည်တွင်းရှိ သင်္ဘောသားအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီမှ မှောင်ခိုသင်္ဘောဖြင့် တင်ပေးလိုက်သည့်အတွက် မာဒါဂါစကာနိုင်ငံအရောက်တွင် မှောင်ခိုဝင်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ပုဒ်မ ၂ ခုဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း၊ယင်းနောက် ပြီးခဲ့သည့် ဇွန်လက ထောင်ဒဏ် ၂၅ နှစ်အထိ ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ၎င်း မြန်မာသင်္ဘောသား ၂ ဦး လွတ်မြောက်ရေးအတွက် MSF အပါအဝင် ပြည်တွင်း၌ ဖွဲ့စည်းထားသည့် သင်္ဘောသားအဖွဲ့အစည်းများက အလှူငွေများကောက်ခံကာ ကူညီပေးရေး ဆောင်ရွက်နေကြကြောင်းနှင့် အလှူငွေ ကျပ်သိန်း ၅၀၀ ကျော်ခန့် ရရှိထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *