
Photo Credit: NETWORK 10)
ဆစ်ဒနီ၊ မေ ၁
မာစတာချက်ဖ် ဩစတြေးလျ( MasterChef Australia) ရဲ့ အကဲဖြတ်ဒိုင်လူကြီး တစ်ယောက်ဖြစ်တဲ့ ဂျော့ ဇန်ဖရေးလို အသက်၄၆နှစ် ဟာ ဒီနေ့ မေလ ၁ရက်နေ့မှာ ရုတ်တရက် ကွယ်လွန်သွားတယ် သိရပါတယ်။
မာစတာချက်ဖ် ရဲ့ ၂၀၂၃ ရာသီ အစိအစဥ်ကို ထုတ်လွှင့်မယ့် နေ့မှာပဲ သူရဲ့ နာရေးသတင်းက ထွင်ပေါ်လာခဲ့ တာလည်း ဖြစ် ပါတယ်။
တနင်္လာနေ့ မနက်အစောပိုင်းမှာ မဲလ်ဘုန်းမြို့က အိမ်တစ်အိမ်မှာ ဇန်ဖရေးလို တစ်ယောက် သေဆုံးခဲ့တာဖြစ်ပြီး သေဆုံး တာ မှန်ကန်တဲ့ အကြောင်း ဗစ်တိုးရီးယားရဲဌာနက အတည်ပြုပေးခဲ့သလို သေဆုံးခြင်းအပေါ်မှာ ဘာ သံသယ ဖြစ်စရာ အချက်အလက်မှာ မတွေ့ရဘူးလို့လည်း ပြောပါတယ်။
“ဆိုးရွားတဲ့သတင်းကြောင့် စိတ်မကောင်းဖြစ်မိတယ်… သြစတြေးလျ မာစတာချက်ဖ်မှာ အတူဖြတ်သန်းခဲ့ရတဲ့အချိန်တွေ ကျွန်တော် တကယ်ကို ကြည်နူးမိပါတယ်” လို့ သူခင်ရတဲ့ လုပ်ဖော်ကိုင်ဘက် ရမ်ဆေး က တွစ်တာမှာ ရေးထားပါတယ်။
ကြိုတင်ကြေငြာထားတဲ့၂၀၂၃ မာစတာချက်ဖ်ပရိုဂရမ် ကိုတော့ အခုအပတ်မှာ စီစဉ်ထားသလို ထုတ်လွှင့်ဖြစ်မှာ မဟုတ် သေးဘူးလို့လည်း အစီစဥ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဇန်ဖရေးလိုကို ၁၉၇၆ခုနှစ် က စကော့တလန်နိုင်ငံ ဂလပ်စကို မြို့မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၂နှစ်အရွယ်မှာ မီးဖိုချောင် ထဲ စတင်လုပ်ကိုင်ခဲ့ပြီး အသက်၁၅ နှစ် အရောက်မှာတော့ စကော့တလန်အပန်းဖြေစခန်းက ဇိမ်ခံဟိုတယ် The Turnberry Hotel မှာ အလုပ်လုပ်ဖို့ အရွေးချယ်ခံရတဲ့သူတွေထဲမှာ အသက်အငယ်ဆုံးအလုပ်သင်တစ်ဦး အဖြေစ်မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။
အသက် ၁၇နှစ် မှာတော့ နှစ်နှစ်အကြာတွင် ကျော်ကြားလှတဲ့ Hyde Park Hotel မှာ စားဖိုမှုး တစ်ယောက်စ ဖြစ်လာခဲ့ပါ တယ်။
၂၀၁၉ ခုနှစ်မှာတော့ မာစတာချက်ဖ် ဩစတြေးလျရဲ့ ကျော်ကြားတဲ့ အကဲဖြစ်ဒိုင်တစ်ယောက်အနေနဲ့ စပြီး ပါဝင်တင်ဆက် ခဲ့တာ ဒီနေ့ သူမကွယ်လွန်မီ အချိန်ထိ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူ သေဆုံးရတဲ့ အကြောင်းအပါအဝင် နာရေး ကိစ္စတွေကို ပြည့်ပြည့်စုံစုံ သိရတာမျိုး တော့ ရှိမနေ သေး ဘူးလို့ သတင်းတွေ က ဖော်ပြထားကြပါတယ်။
Ref: BBC



